MRTV 4ရဲ႕ ပင္တိုင္မင္းသမီးေလးတစ္ေယာက္ျဖစ္တဲ့ ျခဴးေလးကေတာ့ လက္ရွိမွာ ပရိတ္သတ္အခိုင္အမာ ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမကို အားလုံးက ခ်စ္စႏိုးနဲ႔ ျခဴးေလးလို႔ ေခၚၾကပါတယ္။ ျခဴးေလးရဲ႕ နာမည္အရင္းကေတာ့ ေနအၪၨရာျဖစ္ၿပီး သူမက ရခိုင္သူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။



ျခဴးေလးရဲ႕ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခ်ိဳ႕ကေတာ့ ထာဝရမႏၲေလး၊မိုးပန္းပြင့္ရဲ႕ သေက္တ၊ခ်စ္ရပါေသာ ေႏြ၊ေႏြလယ္ညရဲ႕ လမင္း၊ေသာင္းတိုက္က ၾကားေစသား၊ရသ ေမာ္ကြန္း အလကၤာတို႔ပဲ ျဖစ္ပါတယ္။ ယခုလက္ရွိမွာေတာ့ ျခဴးျခဴးက Tiktokဘုရင္မတစ္ေယာက္အျဖစ္လည္း ပရိတ္သတ္ေတြရဲ႕ အခ်စ္ကို လက္ခံရရွိထားတာကို ေတြ႕ရပါတယ္။



ခုတစ္ခါမွာေတာ့ ျခဴးျခဴးက “ေႏြလယ္ညရဲ႕ လမင္း”ဇာတ္လမ္းတြဲေလးထဲက ကိုကိုႀကီးနဲ႔စိုးတို႔ရဲ႕ Weddingပုံရိပ္ေလးေတြကို ခ်ျပလာခဲ့ပါတယ္။ ကိုကိုႀကီးအျဖစ္ ပီျပင္စြာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသားေခ်ာ ဘုန္းရွိန္ခန႔္နဲ႔ စိုးတို႔ရဲ႕ လိုက္ဖက္ညီတဲ့ Weddingပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Chue Chue
(Unicode)
“နွေလယ်ညရဲ့ လမင်း”ဇာတ်လမ်းတွဲလေးထဲက ကိုကိုကြီးနဲ့စိုးတို့ရဲ့ Weddingပုံရိပ်လေးများ
MRTV 4ရဲ့ ပင်တိုင်မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ခြူးလေးကတော့ လက်ရှိမှာ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ခြူးလေးလို့ ခေါ်ကြပါတယ်။ ခြူးလေးရဲ့ နာမည်အရင်းကတော့ နေအဉ္ဇရာဖြစ်ပြီး သူမက ရခိုင်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
ခြူးလေးရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ချို့ကတော့ ထာဝရမန္တလေး၊မိုးပန်းပွင့်ရဲ့ သေက်တ၊ချစ်ရပါသော နွေ၊နွေလယ်ညရဲ့ လမင်း၊သောင်းတိုက်က ကြားစေသား၊ရသ မော်ကွန်း အလင်္ကာတို့ပဲ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ခြူးခြူးက Tiktokဘုရင်မတစ်ယောက်အဖြစ်လည်း ပရိတ်သတ်တွေရဲ့ အချစ်ကို လက်ခံရရှိထားတာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ ခြူးခြူးက “နွေလယ်ညရဲ့ လမင်း”ဇာတ်လမ်းတွဲလေးထဲက ကိုကိုကြီးနဲ့စိုးတို့ရဲ့ Weddingပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ ကိုကိုကြီးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော ဘုန်းရှိန်ခန့်နဲ့ စိုးတို့ရဲ့ လိုက်ဖက်ညီတဲ့ Weddingပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Chue Chue