MRTV 4ရဲ႕ နာမည္ႀကီး ေအာင္ျမင္ခဲ့တဲ့ “ထာဝရမႏၲေလး”ဆိုတဲ့ ဇာတ္လမ္းတြဲကေန စတင္ၿပီး ပရိတ္သတ္ေတြ သတိထားမိလာခဲ့တဲ့ မင္းသားေခ်ာေလးကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာ ေအာင္မင္းခန႔္ပဲ ျဖစ္ပါတယ္။ သူဟာ ဇာတ္လမ္းတြဲမင္းသားလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ သူ႔ရဲ႕ ဇာတ္လမ္းတြဲမ်ားစြာဟာ ေအာင္ျမင္ေက်ာ္ၾကား လူသိမ်ားခဲ့ပါတယ္။



MRTV 4ရဲ႕ မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ နန္းစႏၵာလွထြန္းကေတာ့ “ပၪၥလက္႐ြာ”ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ ေရဝတီဆိုတဲ့ ကာ႐ိုက္တာေလးကေန ပရိတ္သတ္အခိုင္အမာ ရရွိခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အညာေဒသရဲ႕ ဆံရစ္ဝိုင္းဆံပင္ေကေလးနဲ႔ ထူးျခားစြာ သ႐ုပ္ေဆာင္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။



ခုတစ္ခါမွာေတာ့ မင္းသားေခ်ာ ေအာင္မင္းခန႔္က “႐ိုးစစ္ နဲ႔ ေရဝတီက ရန္ကုန္ထိလာ Ro? က်တယ္”လို႔ဆိုကာ ၾကည္ႏူးစရာပုံေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ လိုက္ဖက္လွတဲ့ ႐ိုးစစ္နဲ႔ေရဝတီတို႔ရဲ႕ ပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Aung Min Khant
(Unicode)
“ရိုးစစ် နဲ့ ရေဝတီက ရန်ကုန်ထိလာ Ro? ကျတယ်”လို့ဆိုကာ ကြည်နူးစရာပုံလေးတွေ မျှဝေပေးခဲ့တဲ့ အောင်မင်းခန့်
MRTV 4ရဲ့ နာမည်ကြီး အောင်မြင်ခဲ့တဲ့ “ထာဝရမန္တလေး”ဆိုတဲ့ ဇာတ်လမ်းတွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့တဲ့ မင်းသားချောလေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော အောင်မင်းခန့်ပဲ ဖြစ်ပါတယ်။ သူဟာ ဇာတ်လမ်းတွဲမင်းသားလို့ တင်စားခေါ်ဝေါ်ရလောက်အောင် သူ့ရဲ့ ဇာတ်လမ်းတွဲများစွာဟာ အောင်မြင်ကျော်ကြား လူသိများခဲ့ပါတယ်။
MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ရေဝတီဆိုတဲ့ ကာရိုက်တာလေးကနေ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အညာဒေသရဲ့ ဆံရစ်ဝိုင်းဆံပင်ကေလေးနဲ့ ထူးခြားစွာ သရုပ်ဆောင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ခုတစ်ခါမှာတော့ မင်းသားချော အောင်မင်းခန့်က “ရိုးစစ် နဲ့ ရေဝတီက ရန်ကုန်ထိလာ Ro? ကျတယ်”လို့ဆိုကာ ကြည်နူးစရာပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ လိုက်ဖက်လှတဲ့ ရိုးစစ်နဲ့ရေဝတီတို့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Aung Min Khant