



Source; Zen Kyi

(Unicode)

“အသားမာတက်နေတဲ့နှလုံးသား နဲ့ ထုံနေတဲ့ခံစားချက်တွေကို အချစ်တွေနဲ့နေ့စဉ်ကုစားရမယ်”လို့ဆိုလာတဲ့ ဇဏ်ခီ

ပြည်တွင်းသာမက ပြည်ပအထိပါ ‌ပေါက်မြောက်အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ ခရစ်စတီးနားခီ ဖန်တီးရိုက်ကူးခဲ့ပြီး မင်းသား ဇာဏ်ခီနဲ့ မင်းသမီး ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပရိတ်သတ်တွေ ကြည့်ဖူးကြမယ် ထင်ပါတယ်နော်။ ဒါရိုက်တာ ခီရဲ့ ရိုက်ချက်တွေနဲ့ မင်းသား၊မင်းသမီးတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ တကယ်ကို အံ့မခန်းပါပဲ။

ထိုဇာတ်ကားအတွက် ပြင်ဆင်ရ ဖန်တီးရ ကြိုးစားခဲ့ရတဲ့ အချိန်နဲ့ လူအင်အားတွေကတော့ ပြောပြလို့ မရလောက်အောင်ကို များပြားခဲ့ပါတယ်။ အရမ်းကို လှပတဲ့ ရှုခင်းတွေကြည့်ရတာနဲ့ကို အရမ်းကို တန်လွန်းခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ မင်းသားချော ဇာဏ်ခီဟာ သရုပ်ဆောင် ပီပြင်ရုံသာမက အဆို၊ ပန်းချီနဲ့ စာရေးတဲ့နေရာမှာလည်း ကျွမ်းကျင်တက်မြောက်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ညဏ်ရည်ပြည့်ဝပြီး ခိုင်မာတိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ အတွေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ မင်းသားချော ဇဏ်ခီက “အသားမာတက်နေတဲ့နှလုံးသား နဲ့ ထုံနေတဲ့ခံစားချက်တွေကို အချစ်တွေနဲ့နေ့စဉ်ကုစားရမယ်”လို့ဆိုကာ သူ့ရဲ့ ပုံရိပ်တစ်ချို့ကို မျှဝေပေးခဲ့ပါတယ်။ မင်းသားချော ဇဏ်ခီရဲ့ အချစ်တွေနဲ့ကုစားခဲ့တဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Zen Kyi

Leave a Reply

Your email address will not be published.