




(Unicode)

“မနေ့ညက G-SHOCK Women Launching ပွဲလေးမှာ အရမ်းကို Confident Level So High ခဲ့တယ်ပေါ့…”လို့ဆိုလာတဲ့ ရွှေကစ်လေး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ အောင်မြင်တဲ့နေရာတစ်ခုမှာ ရပ်တည်နေပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်လျှက် ရှိနေပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ ကစ်ပါ။ ဒါ့အပြင် ရွှေကစ်လေးဟာ “ဝင်္ကပါစံအိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asia Awardဆုကို ရရှိထားတဲ့ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ရွှေကစ်လေးက လတ်တလောမှာ‌တော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေပြီး အလှူအတန်းနဲ့ ပရဟိတတွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရွှေကစ်လေးရဲ့ ညမဖြစ်သူ နဒီရွှေရည်ရဲ့ သားလေးနဲ့ ဆော့ကစားကာ အမြဲလိုလို ချစ်စရာ Videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ ရွှေကစ်လေးက “ကစ် မနေ့ညက G-SHOCK Women Launching ပွဲလေးမှာ အရမ်းကို Confident Level So High ခဲ့တယ်ပေါ့… G-SHOCK Women Series လေးဝတ်ပြီး ကိုယ့်ကိုယ်ကို ပိုပြီး Strong ဖြစ်သွားတယ်ခံစားရလို့ သိပ်ကိုကျေနပ်နေတာနော်..
Kit Fan Club (KFC )လေးတို့ရော ကစ်မနေ့ကဝတ်ထားတဲ့ ဝတ်စုံလေးနဲ့နာရီလေးရော ကြည့်ရတာအဆင်ပြေရဲ့လားရှင့်..
နာရီဝယ်မယ်ဆိုရင်တော့ G-Shock Myanmar Page မှာ #KItFan ဆိုတာလေး ပြဖို့ မမေ့နဲ့နော်… “လို့ဆိုကာ ပွဲတက်ရောက်ခဲ့တဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။

Source; Wutt Hmone Shwe Yi

Leave a Reply

Your email address will not be published.