



Source; Phway Phway

(Unicode)

Haval Myanmarက ထွက်တဲ့ ကားအသစ်တွေအကြောင်း ပြောပြလာခဲ့တဲ့ ဖွေးစိန်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီဖွေးစိန်လေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ လွတ်လပ်ပေါ့ပါးစွာ နေတတ်ပြီး ပွင့်ပွင့်လင်းလင်း ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ ကြိုက်နှစ်သက်တဲ့အရာ မှန်သမျှကိုလည်း မဖြစ်ဖြစ်အောင် လုပ်တတ်သူလည်း ဖြစ်ပါတယ်။

ခုလတ်တလောမှာတော့ ဖွေးစိန်လေးက သူမရဲ့ Stay At Home မှာ မုန့်‌တွေ လုပ်စားလိုက်၊ မုန့်တွေ မှာစားလိုက်၊ သူမစိုက်ပျိုးထားတဲ့ အပင်လေးတွေကို ဂရုစိုက်လိုက်နဲ့ပဲ အိမ်ထဲမှာ အချိန်ကုန်နေခဲ့တာ အပြင်ထွက်ပြီး သွားချင်လာချင်၊ လှချင်ပချင်တဲ့အကြောင်းလေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။

ခုတစ်ခါမှာတော့ ဖွေးစိန်လေးက ” Haval Myanmar က ကားအသစ်တွေကို ဟိုနေ့က သွားစပ်စုတုန်းက ?ဒါဒါ နဲ့ စကားတွေလဲ ပြော ကားအကြောင်းတွေလဲ စပ်စုရင်း Darlings တို့ Oopsies တို့ အတွက်လဲ ဓါတ်ဖမ်းရင်းပေါ့ ?
Haval Myanmar မှာ ကားတွေလဲ အရမ်းကောင်း အရမ်းမိုက်တဲ့ အပြင် အဆင်ပြေပြီး တန်တဲ့ deal တွေလဲ ရှိလို့ ကားဝယ်ဖို့ အစီအစဉ်ရှိတဲ့ လူတွေ သွားပြီးလေ့လာ ကြည့်ပါနော် ??အဲ့နေ့က ပန်းစည်းလေးတကူးတကလာပေးတဲ့ Freedom Army ရေ Thank you so much ပါ ???”လို့ဆိုကာ ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

Source; Phway Phway

Leave a Reply

Your email address will not be published.