အင်္ကျီရောင်းရငွေရဲ့အမြတ်ကို Covid 19 ကုသရေးအတွက် အသုံးပြုလှူဒါန်းသွားမယ့် ဆိုင်းမိုင်

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ဆိုင်းမိုင်လို့ သိကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ “မိုးကောင်းကင်အိမ်က်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုင်းမိုင်လေးဟာ ဒီဇာတ်လမ်းတွဲလေးကနေ နယ်ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။အောင်မြင်လာတာနဲ့အမျှ မင်းသမီးချော ပိုးကြာဖြူခင်ဟာ နယ်က ပွဲတွေမှာ ဖျော်ဖြေရေး အစီအစဉ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ရပါတယ်။ ခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို ဦးစားပေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မကြာသေးခင်ကမှလည်း “အောင်မြေစေတနာ အိမ်ခြံမြေအကျိုးဆောင်” ကြော်ငြာလေးကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ မြန်မာဖက်ရှင်လေးတွေနဲ့ လိုက်ဖက်လွန်းတဲ့ ဆိုင်းမိုင်လေးဟာ မြန်မာဝတ်စုံကြော်ငြာလေးတွေ မှာလည်း အမြဲတွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ပိုးကြာဖြူခင်က “🙏🏻 အင်္ကျီရောင်းရငွေရဲ့အမြတ်ကို Covid 19 ကုသရေးအတွက် အသုံးပြုလှူဒါန်းသွားပါမယ်ရှင်🙏🏻
ဆိုင်းမိုင် အခု ဆိုင်းမိုင် ရဲ့ စိတ်ကူးလေးနဲ့ ဖန်တီးဖြစ်ခဲ့တဲ့ ပထမဆုံး ကိုယ်ပိုင် Hoodie လေးအကြောင်း ပြောပြချင်ပါတယ်…Hoodie ဆိုတာက ယောက်ျားလေးရော မိန်းကလေးရော ကြိုက်ကြတဲ့ fashion တစ်ခုလည်းဖြစ်တာဆိုတော့ fans တွေအားလုံးနဲ့လည်း အဆင်ပြေနိုင်တာကြောင့် Hoodie Fashion လေး လုပ်ဖြစ်ခဲ့ပါတယ်…ဒါက ဆိုင်းမိုင်အနေနဲ့ ပထမဆုံးထုတ်ဖြစ်တာလည်း ဖြစ်တော့ ဆိုင်းမိုင်ကိုယ်တိုင်အတွက်ရော ပရိသတ်တွေအတွက်ရော အမှတ်တရလည်း ဖြစ်စေချင်တာမို့ ဒီ ဒီဇိုင်းလေးကို စဉ်းစားဖြစ်ခဲ့ပါတယ်…။ ဒါ့အပြင် သူမက Hoodieလေးမှာ ပါတဲ့ အမှတ်အသားလေးတွေရဲ့ အကြောင်းကိုလည်း ပြောကြားလာခဲ့ပါတယ်။

Seng Mai
Hoodie အတွက် Seng Mai ဆိုတဲ့စာသားလေးကို ရွေးချယ်ခဲ့တယ်ဆိုတာ ကျွန်မဘဝရဲ့ အကြီးမားဆုံး မှတ်တိုင်တစ်ခုဖြစ်တဲ့ မိုးကောင်းကင်အိပ်မက်ဇာတ်လမ်းတွဲ ရဲ့ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ကောင်ရဲ့ နာမည်မို့လို့ပါ… တန်ဖိုးထားရတဲ့နာမည်လေးမို့ အင်္ကျီမှာ ထည့်သုံးဖို့ စဉ်းစားမိခဲ့တာပါ…
Crown
Crown လေးကို ရွေးချယ်ဖြစ်ခဲ့တာကတော့ လူတိုင်းဟာ ဘုရင်လို ဘုရင်မလို ပြတ်သားရဲရင့်တဲ့ နှလုံးသားနဲ့စိတ်ဓါတ်မျိုးကိုပိုင်ဆိုင်နိုင်ရမယ်။ ကျွန်မကိုယ်တိုင်လဲ အမှီခိုကင်းတဲ့ မိန်းကလေး၊ ရဲရင့်ပြတ်သားပြီး ဦးဆောင်နိုင်တဲ့ မိန်းကလေး၊ လူသားတွေအားလုံးကို ကူညီ အကျိုးပြုနိုင်တဲ့မိန်းကလေး တစ်ယောက်အဖြစ်၊ ဘုရင်မ တစ်ယောက်လို အရည်အချင်းမျိုးနဲ့ ရပ်တည်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Crown ကို ရွေးချယ်ခဲ့ပါတယ် 💙…

Hoodie လေးက color အဖြူနဲ့ အမည်းမှာမှ ဆိုင်းမိုင် အပေါ်မှာ ပြောပြခဲ့တဲ့ စိတ်ကူးဒီဇိုင်းလေးနဲ့ဆိုတော့ ရိုးရိုးလေးနဲ့ မိမိုက်နေတယ်မလား….ရာသီဥတု သိပ်မအေးလို့ ပူမှာလည်း မစိုးရိမ်ပါနဲ့နော်… အရမ်းမပူဘဲ သက်တောင့်သက်သာဖြစ်စေမယ့် အသားကို သေချာလေးရွေးချယ်ပေးထားပါတယ်…ပြီးတော့ size ကလည်း M, L, XL သုံးမျိုးတောင်ရတာဆိုတာ ကိုယ်နဲ့တော်မယ့် size ကို ရွေးလိုက်ယုံပါပဲ…. Colour အနေနဲ့ကတော့ Black & white အဖြူ နဲ့ အမဲ ၂ မျိုး ရှိပါတယ် 💙 ဈေးနှုန်းကတော့ တစ်ထည်ကို 38,000 ပါ ရှင်။
ဆိုင်းမိုင် နဲ့ဆင်တူလေး ဝတ်ချင်တယ်ဆိုရင်ဖြစ်ဖြစ်၊ ဆိုင်းမိုင် Hoodie လေးကို အမှတ်တရ သိမ်းထားချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် လိုချင်တယ်ဆိုရင်တော့ ဆိုင်းမိုင် Facebook Page လေးမှာ လာမှာလို့ရပါတယ်ရှင်…ကျေးဇူးပါရှင့်…💙”လို့ဆိုကာ ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

Source; Poe Kyar Phyu Khin

Leave a Reply

Your email address will not be published.