



Source; May Grace Parry

(Unicode)

“ဆောင်းလေအေးအေးလေးမှာ ဆောင်းတွင်းနေရောင်လေး နွေးနွေးထွေးထွေးလေးနဲ့”လို့ဆိုကာ ကန်ဘောင်က ပုံရိပ်လေးတွေ မျှဝေပေးလာတဲ့ မေဂရေ့စ်

နာမည်ကျော် မော်ဒယ်မလေး မေဂရေ့စ်ပယ်ရီကတော့ ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ “ချစ်သူမရှိတဲ့ အချိန်”ဆိုတဲ့ Music Videoလေးမှာ စတင်ပြီး သရုပ်ဆောင်ခဲ့ရာကနေ ပရိတ်သတ်တွေရဲ့ အထူးအားပေး ချစ်ခင်မှုကို ရရှိခဲ့တာပါ။

မေဂရေ့စ်ဟာ မေမေက မြန်မာ၊ ဖေဖေက နိုင်ငံခြားသား ဖြစ်တဲ့အတွက် တစ်မျိုးထူးခြားပြီး လှတဲ့ အသားအရည်နဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားပါတယ်။ သူမမှာ ချစ်စရာကောင်းပြီး ထက်မြတ်တဲ့ ညမငယ်လေးတစ်ယောက်လည်း ရှိပါတယ်။ လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေနဲ့ Tiktokတွေ ဆော့ကာ လှုပ်ရှားနေတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ မေဂရေ့စ်က “ဆောင်းလေအေးအေးလေးမှာ ဆောင်းတွင်းနေရောင်လေး နွေးနွေးထွေးထွေးလေးနဲ့”လို့ဆိုကာ ကန်ဘောင်က ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ကန်ဘောင်မှာ ဆောင်းလေအေးနဲ့အတူ အလှကြီးလှနေတဲ့ မေ့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; May Grace Parry

Leave a Reply

Your email address will not be published.