



Source; Paing Phyo Thu

(Unicode)

“ရုပ်ရှင်‌တွေ ပြန်ရိုက်လို့မရသေးမယ့် အတူတူတော့ညှပ်တယ်ကွာ….???”လို့ဆိုကာ ဆံပင်တိုလေး ညှပ်ချလိုက်တဲ့ သုသု

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ယခုလက်ရှိမှာ နာမည်ကျော်ကာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။ သုသုဟာ နိုင်ငံကျော် ဒါရိုက်တာ ဏကြီးနဲ့ အိမ်ထောင်ကျကာ သာယာလှပတဲ့ အိမ်ထောင်ဘဝလေးကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ရိုက်ကူးရေးတွေကို ရပ်နားထားကာ သူမရဲ့ ပရိတ်သတ်တွေကိုလည်း ပုံတွေ မတင်ပေးရတာ ကြာနေပီ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ သုသုရဲ့ အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ “မီ”ရုပ်ရှင်ဇတ်ကားကြီးကတော့ ယခုအချိန်ထိ နိုင်ငံတကာမှာ ပြသခွင့်တွေကို ရရှိနေတာ တွေ့ရပါတယ်။ သုသုဆိုတာနဲ့ “မီ”ကိုပဲ ပြေးမြင်ရတဲ့အထိကို အောင်မြင်ခဲ့တာပါနော်။

ခုတစ်ခါမှာတော့ သုသုက ရုပ်ရှင်‌တွေ ပြန်ရိုက်လို့မရသေးမယ့် အတူတူတော့ညှပ်တယ်ကွာ….???”လို့ဆိုကာ ဆံပင်တိုလေး ညှပ်ချလိုက်တဲ့ ချစ်စရာပုံရိပ်လေးကို မျှဝေပေးလာခဲ့ပါတယ်။ ဆံပင်တိုလေး ညှပ်လိုက်မှ ပိုနုကာ ကလေးဆန်သွားတဲ့ သုသုရဲ့ ပုံရိပ်လေးကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Paing Phyo Thu

Leave a Reply

Your email address will not be published.