သူမရဲ႕မိခင္ အ‌ေမြေပးခဲ့တဲ့ မဂၤလာဝတ္စုံေလးကို တစ္ေက်ာ့ျပန္ ျပန္လည္ဝတ္ျပကာ “အေမတစ္ေခတ္ သမီးတစ္ေခတ္”လို႔ တင္စားလာခဲ့တဲ့ ေခး

အ႐ုပ္မေလးမ်က္ႏွာနဲ႔ သြယ္လ်လွပတဲ့ ခႏၵာကိုယ္ သြယ္သြယ္ေလးေၾကာင့္ အလွမယ္ တစ္ေယာက္ ျဖစ္ခဲ့တဲ့ မင္းသမီးေခ်ာေလး ခင္ဝင့္ဝါကေတာ့ အခုခ်ိန္မွာ ပရိတ္သတ္အခိုင္အမာ ရရွိထားတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမဟာ ခ်စ္စရာေကာင္းတဲ့ အသံေလးနဲ႔ အမူအရာေလးေတြေၾကာင့္ ပုရိသေယာက္က်ားေလးေတြရဲ႕ အသည္းကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

မင္းသမီးေခ်ာေလး ခင္ဝင့္ဝါရဲ႕ ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွ အကယ္ဒမီ မင္းသားေခ်ာ ေနတိုးနဲ႔ တြဲဖက္ၿပီး သ႐ုပ္ေဆာင္ခဲ့တဲ့ “တိမ္တိုက္တံတား”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ပရိတ္သတ္ေတြရဲ႕ အႀကိဳက္ကို ေတြ႕ေစခဲ့ကာ အထူးအားေပးမႈကို ရရွိခဲ့ပါတယ္။ ခင္ဝင့္ဝါက လက္ရွိမွာလည္း ‌ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို အဆက္မျပတ္ လုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္။

ခုတစ္ခါမွာေတာ့ မင္းသမီးေခ်ာေလး ခင္ဝင့္ဝါက “တစ္ေန႔ ေမႀကီးကသူမဂၤလာေဆာင္တုန္းကဝတ္ခဲ့တဲ့ မဂၤေဆာင္ဝတ္စုံေလးကိုအမွတ္တရသိမ္းထားဖို႔ ေခးကိုေပးလာတယ္။အဲ့မွာေခးလည္း ေမႀကီးရဲ႕မဂၤလာေဆာင္ဝတ္စုံနဲ႔အမွတ္တရေလး႐ိုက္ထားခ်င္တဲ့စိတ္ကူးေလးေပၚလာတယ္။အဲ့ဒါကိုဒီဇိုင္နာ မသြင္စုေထြးက ေမႀကီးရဲ႕ဝတ္စုံေလးကိုေခးဝတ္လို႔ရေအာင္ကူညီၿပီးျပင္ေပးတယ္ၿပီးေတာ့ အလွဆုံးျပင္ဆင္ေပးတဲ့ မိတ္ကပ္က Jessica Han ၊ ဓါတ္ပုံကို ကိုေအာင္ေဇာ္(love space) မွ အေကာင္းဆုံး႐ိုက္ကူးေပးၿပီး အေကာင္းဆုံး retouch ကို ကိုညီ (love space) မွကူညီေပးထားပါတယ္။အခုလို အမွတ္တရေလးကို စီစဥ္ေပးေသာ ကိုေဇာ္အစစအရာရာကိုအေသးစိတ္ကူညီေပးၾကတဲ့ေခးခ်စ္ရတဲ့တစ္ဦးတစ္ေယာက္ျခင္းစီကို ရင္ထဲမွ လႈိက္လႈိက္လွဲလွဲေက်းဇူးတင္ပါတယ္ရွင့္😍😘👩‍👧အေမတစ္ေခတ္ သမီးတစ္ေခတ္👩‍👧”လို႔ တင္စားကာ ပုံရိပ္ေလးတစ္ခ်ိဳ႕ကို မွ်ေဝေပးခဲ့ပါတယ္။

Source; Khin Wint War

(Unicode)

သူမရဲ့မိခင် အ‌မွေပေးခဲ့တဲ့ မင်္ဂလာဝတ်စုံလေးကို တစ်ကျော့ပြန် ပြန်လည်ဝတ်ပြကာ “အမေတစ်ခေတ် သမီးတစ်ခေတ်”လို့ တင်စားလာခဲ့တဲ့ ခေး

အရုပ်မလေးမျက်နှာနဲ့ သွယ်လျလှပတဲ့ ခန္ဒာကိုယ် သွယ်သွယ်လေးကြောင့် အလှမယ် တစ်ယောက် ဖြစ်ခဲ့တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အခုချိန်မှာ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ အမူအရာလေးတွေကြောင့် ပုရိသယောက်ကျားလေးတွေရဲ့ အသည်းကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှ အကယ်ဒမီ မင်းသားချော နေတိုးနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ “တိမ်တိုက်တံတား”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိတ်သတ်တွေရဲ့ အကြိုက်ကို တွေ့စေခဲ့ကာ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။ ခင်ဝင့်ဝါက လက်ရှိမှာလည်း ‌ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ မင်းသမီးချောလေး ခင်ဝင့်ဝါက “တစ်နေ့ မေကြီးကသူမင်္ဂလာဆောင်တုန်းကဝတ်ခဲ့တဲ့ မင်္ဂဆောင်ဝတ်စုံလေးကိုအမှတ်တရသိမ်းထားဖို့ ခေးကိုပေးလာတယ်။အဲ့မှာခေးလည်း မေကြီးရဲ့မင်္ဂလာဆောင်ဝတ်စုံနဲ့အမှတ်တရလေးရိုက်ထားချင်တဲ့စိတ်ကူးလေးပေါ်လာတယ်။အဲ့ဒါကိုဒီဇိုင်နာ မသွင်စုထွေးက မေကြီးရဲ့ဝတ်စုံလေးကိုခေးဝတ်လို့ရအောင်ကူညီပြီးပြင်ပေးတယ်ပြီးတော့ အလှဆုံးပြင်ဆင်ပေးတဲ့ မိတ်ကပ်က Jessica Han ၊ ဓါတ်ပုံကို ကိုအောင်ဇော်(love space) မှ အကောင်းဆုံးရိုက်ကူးပေးပြီး အကောင်းဆုံး retouch ကို ကိုညီ (love space) မှကူညီပေးထားပါတယ်။အခုလို အမှတ်တရလေးကို စီစဉ်ပေးသော ကိုဇော်
အစစအရာရာကိုအသေးစိတ်ကူညီပေးကြတဲ့ခေးချစ်ရတဲ့တစ်ဦးတစ်ယောက်ခြင်းစီကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ရှင့်😍😘
👩‍👧အမေတစ်ခေတ် သမီးတစ်ခေတ်👩‍👧”လို့ တင်စားကာ ပုံရိပ်လေးတစ်ချို့ကို မျှဝေပေးခဲ့ပါတယ်။

Source; Khin Wint War

Leave a Reply

Your email address will not be published.