






Source; Hlwan Paing
(Unicode)
“နေ့တစ်နေ့စဖို့ အနားမှာမင်းရှိနေရင်ရပြီ….. ?”လို့ဆိုလာတဲ့ ပရိတ်သတ်အချစ်တော် ဗိုလ်ပိုင်ကြီး
မြန်မာနိုင်ငံရဲ့ Rapအဆိုတော်တစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်ကတော့ လက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။ သူ့ကို အားလုံးက ဗိုလ်ပိုင်ကြီးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ ဗိုလ်ပိုင်ကြီးကတော့ လက်ရှိမှာ တေးသံရှင် အဆိုတော် ထက်ထက်နဲ့ ချစ်ကြိုက်လျှက် ရှိနေခဲ့တာ ၁၀နှစ်ကျော်နီးပါး ရှိခဲ့ပါပြီ။
ဗိုလ်ပိုင်ကြီးနဲ့ ထက်ထက်တို့ အတွဲလေးဟာ အကြိုက်၊ဝါသနာ၊အလုပ်တွေမှာ စိတ်တူကိုယ်တူ ရှိတာကိုလည်း တွေ့ရပါတယ်။ Game တွေဆိုလည်း အတူတူဆော့ကာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း ရှေ့ဆက်နေကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဗိုလ်ပိုင်ကြီးက အဆိုတော်တစ်ယောက်ဖြစ်ရုံသာမက အခုနောက်ပိုင်းမှာ ရုပ်ရှင်တွေပါ ရိုက်ကူးလာခဲ့ကာ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလျှက် ရှိနေပါတယ်။
ခုတစ်ခါမှာတော့ ဗိုလ်ပိုင်ကြီးက “နေ့တစ်နေ့စဖို့ အနားမှာမင်းရှိနေရင်ရပြီ….. ?”လို့ဆိုကာ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တစ်ချို့ကို မျှဝေပေးခဲ့ပါတယ်။ ဗိုလ်ပိုင်ကြီးရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Hlwan Paing