





(Unicode)
“ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”မှာ ချစ်သူသက်တမ်း (၅)နှစ်ပြည့် အမှတ်တရ အလှူလေး လုပ်ခဲ့တဲ့ ဖြိုးလေးနဲ့ ဝါဆို
အသက်ငယ်ငယ်လေးနဲ့ ခန္ဒာကိုယ် ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ ပုရိသပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သူမရဲ့ အချစ်ရေးကတော့ အဆိုတော် ဖြိုးလေးနဲ့ ချစ်ကြိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ နှစ်ပေါင်းအတော်ကြာလာပြီဖြစ်တဲ့အတွက် သူတို့ရဲ့ပရိတ်သတ်တွေက ပိုလို့ အချစ်ပိုနေကြတာကိုလည်း တွေ့ရပါတယ်။
လတ်တလောမှာတော့ သူမက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံပြီး ရိုက်ကူးလျှက် ရှိနေပါတယ်။ ဒါ့အပြင် တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူမက အမြဲလိုလို တိရစ္ဆာဂေဟာတွေကို သွားပြီး အလှူအတန်းတွေလည်း လုပ်နေတာကို တွေ့ရပါတယ်။ သူမမှာ အရမ်းကိုမိမိုက်ပြီး လှပတဲ့ ညမချောချောလေးတွေလည်း ရှိပါတယ်။ အချိန်ရရင် ရသလို ညအမတွေ ကကြ၊ Tiktokဆော့ကြနဲ့ ပျော်ပျော်ပါးပါး ရှိနေကြပါတယ်။
ခုတစ်ခါမှာတော့ အဆိုတော် ဖြိုးလေး (Snare ) နှင့် သရုပ်ဆောင် ဝါဆိုမိုးဦး တို့က ချစ်သူ သက်တမ်း (၅) နှစ် ပြည့် အမှတ်တရ အနေနဲ့ ဒီကနေ့၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် သရုပ်ဆောင် ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများ ဂေဟာ အတွက် အလှူငွေများ လာရောက် လှူဒါန်းခဲ့ပါတယ်။ လိုက်ဖက်လွန်းလှတဲ့ ဆိုဆိုတို့အတွဲလေး ယနေ့မှစ၍ နှစ်ပေါင်းများစွာ သာယာပျော်ရွှင်တဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။
Source; Myanmar Celebrity