




(Unicode)

ငပလီကမ်းခြေမှာ ဟန်းနီမွန်း ထွက်ခဲ့ကြတဲ့ စိုင်းနေရောင်နဲ့နေချိုတို့ စုံတွဲလေး

MRTV 4ရဲ့ မင်းသမီးတစ်လက် ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမကို သွယ်လျပြီး V Shapeဆန်တဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေ ပိုမို သတိထားမိလာခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ဝိညာဉ်ရှိုက်သံ၊ ချစ်ခြင်းတရားတို့ရှိရာ၊ အမုန်းမှသည်နဲ့ အချစ် ဆစ်ဂနယ် တို့ပဲ ဖြစ်ပါတယ်။

MRTV 4ရဲ့ နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ မင်းသားချော ကျော်ထက်ဇော်ကတော့ မိန်းကလေးပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အောင်မြင်တဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကုလားစင်မျက်နှာပေါက်လေးနဲ့ စမတ်ကျတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ရရှိပိုင်ဆိုင်ထားတာပါ။

လတ်တလောမှာ ထုတ်လွှင့်ပြသလျှက် ရှိနေတဲ့ “အမုန်းမှသည်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ ကြည်နူးစရာကောင်းစွာနဲ့ ဇာတ်သိမ်းသွားခဲ့ပါပီ။ ဒီဇာတ်လမ်းတွဲလေးမှာ အဓိက ပါဝင် သရုပ်ဆောင်ခဲ့တဲ့ စိုင်းနေရောင်နဲ့ နေချိုတို့ကတော့ ငပလီကမ်းခြေမှာ ဟန်းနီးမွန်း ထွက်နေကြပါပီ။ ကြည်နူးစရာကောင်းလောက်အောင် လိုက်ဖက်မှုရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Saung Wutyee May

Leave a Reply

Your email address will not be published.