



Source; Hsu Eaint San

(Unicode)

“ရင်ထဲရှိ ရှိသမျှ ပြောပြရရင် … ဆက်ဆိုနော် ??”လို့ဆိုကာ မြန်မာဆန်ဆန်လေး လှနေပြန်တဲ့ ဆုဆု

မင်းသမီးချောလေး ဆုအိမ့်စံကတော့ ကိတ်ပြီးဖွံ့ထွားတဲ့ ခန္ဒာကိုယ်ကောက်ကြောင်းအလှလေးကြောင့် ပရိတ်သတ်တွေရဲ့ကြားမှာ နာမည်ကျော်ကာ လူသိများလာခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ဆုဆုလေးလို့ ခေါ်ကြပါတယ်။ ဆုဆုလေးရဲ့ လက်ရှိအ‌ချစ်ရေး အခြေအနေကတော့ ငြိမ်သက်နေဆဲပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဆုဆုက အိမ်မှာနေရင်းနဲ့ ပါတိတ်အဆင်လေးတွေကို ကိုယ်တိုင်ဝတ်ပြကာ Liveမှသော်လည်းကောင်း၊ သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေသော်လည်းကောင်း ရောင်းချနေတာပဲ ဖြစ်ပါတယ်။ သူမ ဝတ်ပြလိုက်တဲ့ ပါတိတ်အဆင်လေးတွေဟာလည်း သူမနဲ့ လိုက်ဖက်ကာ အရမ်းကို လှနေတာကို မြင်ရပါတယ်။

ခုတစ်ခါမှာတော့ ဆုဆုလေးက “ရင်ထဲရှိ ရှိသမျှ ပြောပြရရင် … ဆက်ဆိုနော် ??”လို့ဆိုကာ မြန်မာဆန်ဆန်လေးနဲ့ လှနေပြန်တဲ့ သူမရဲ့ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ဆုဆုလေးရဲ့ ရင်အေးစေမယ့် အလှလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Hsu Eaint San

Leave a Reply

Your email address will not be published.