



Source; Warso Moe Oo

(Unicode)

“၁၁:၁၁မှာ ချစ်ချစ်တို့ကို သတိရတယ်နော် ❤️”လို့ဆိုကာ တောက်ပစွာ လှနေတဲ့ ဆိုဆို

အသက်ငယ်ငယ်လေးနဲ့ ခန္ဒာကိုယ် ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ ပုရိသပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သူမရဲ့ အချစ်ရေးကတော့ အဆိုတော် ဖြိုးလေးနဲ့ ချစ်ကြိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ နှစ်ပေါင်းအတော်ကြာလာပြီဖြစ်တဲ့အတွက် သူတို့ရဲ့ပရိတ်သတ်တွေက ပိုလို့ အချစ်ပိုနေကြတာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ သူမက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံပြီး ရိုက်ကူးလျှက် ရှိနေပါတယ်။ ဒါ့အပြင် တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူမက အမြဲလိုလို တိရစ္ဆာဂေဟာတွေကို သွားပြီး အလှူအတန်းတွေလည်း လုပ်နေတာကို တွေ့ရပါတယ်။ သူမမှာ အရမ်းကိုမိမိုက်ပြီး လှပတဲ့ ညမချောချောလေးတွေလည်း ရှိပါတယ်။ အချိန်ရရင် ရသလို ညအမတွေ ကကြ၊ Tiktokဆော့ကြနဲ့ ပျော်ပျော်ပါးပါး ရှိနေကြပါတယ်။

ခုတစ်ခါမှာတော့ ဆိုဆိုက “၁၁:၁၁မှာ ချစ်ချစ်တို့ကို သတိရတယ်နော် ❤️”လို့ဆိုကာ သိမ်မွေ့လှပတဲ့ သူမရဲ့ မြန်မာဆန်တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ လက်ဝတ်ရတနာတွေ ဆင်မြန်းကာ အလှကြီးလှနေတဲ့ ဆိုဆိုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Warso Moe Oo

Leave a Reply

Your email address will not be published.