



Source; Khay Set Thwin

(Unicode)

“မမရဲ့ဘဝထဲ လာ????”လို့ဆိုကာ တည်ငြိမ်တဲ့ အလှတရားတွေနဲ့ တွေ့ရတဲ့ ခေး

နာမည်‌ဆန်းဆန်းပြားပြားလေးနဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေတဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ယခုလက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ခေးဟာဆိုရင် MRTV 4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အဓိက ဇာတ်ကောင်နေရာကနေ စတင်ပြီး သရုပ်ဆောင်ကာ အနုပညာလမ်းအပေါ် စတင်လျှောက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခေးက ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်ဆိုသလို လက်ခံ ရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ခေးက မြန်မာအက၊ နိုင်ငံခြားအကတွေကိုလည်း ပိုင်နိုင်စွာ ကတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ COVID ကာလအတွင်း အိမ်မှာ Stay Homeနေရင်းနဲ့ Tiktokဆော့ကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုမိုရယူထားနိုင်တာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ခေးက “မမရဲ့ဘဝထဲ လာ????”လို့ဆိုကာ တည်ငြိမ်တဲ့ အလှတရားတွေနဲ့ တွေ့ရတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ မမ ခေးလေးရဲ့ တည်ငြိမ်တဲ့အလှနဲ့ ပုံလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Khay Set Thwin

Leave a Reply

Your email address will not be published.