“ဒီစပါးခင္းႀကီးက ဘယ္သူပိုင္တာလဲဟင္?
☘️☘️”လို႔ ေမးလာတဲ့ ေတာသူမေလး ျဖဴျဖဴေထြး

ရယ္စရာဟာသ videoေလးေတြ တင္ရင္းနဲ႔ နာမည္ေက်ာ္ကာ လူသိမ်ားလာခဲ့တဲ့ ျဖဴျဖဴေထြးကေတာ့ လက္ရွိမွာ မိဘကို တင့္ေတာင္းတင့္တယ္ ထားႏိုင္တဲ့ သမီးအလိမၼာေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမရဲ႕ ဆန္းဟာ 2020ခုႏွစ္မွာ ပိုလို႔တိုးတက္ေအာင္ျမင္လာခဲ့ပါတယ္။ သူမ်ားေတြ ေတာ္တန္႐ုံ မလုပ္ႏိုင္တဲ့ အလႉအတန္းမ်ားစြာကို ကိုယ္တိုင္သြားေရာက္ကာ ျပဳလုပ္လွ်က္လည္း ရွိပါတယ္။

အခက္အခဲေတြေၾကာင့္ အႏုပညာလမ္းေၾကာင္းေပၚ မေလွ်ာက္လွမ္းႏိုင္ေတာ့တဲ့ ဇာတ္ပို႔အႏုပညာရွင္ေတြကိုလည္း တဖက္တလွမ္းကေန ေခၚယူကာ ေၾကာ္ျငာေတြ တူတူ႐ိုက္ၿပီး အကူအညီေတြ ေပးေနတာကိုလည္း ေတြ႕ရပါတယ္။ ဒီၾကားထဲမွ ျဖဴျဖဴေထြးရဲ႕အေပၚကို အေကာင္းမျမင္တဲ့သူေတြကလည္း ရွိလာပါေသးတယ္။ “အပင္ျမင့္ေလ ေလတိုက္ေလ”ဆိုတာမ်ိဳးေတြက အျပင္မွာ တကယ္ကို ရွိေနပါတယ္ေနာ္။

ခုတစ္ခါမွာေတာ့ ျဖဴျဖဴက “ဒီစပါးခင္းႀကီးက ဘယ္သူပိုင္တာလဲဟင္?☘️☘️”လို႔ ေမးကာ သူမရဲ႕ ႐ိုးရွင္းေအးခ်မ္းလွတဲ့ လယ္ေတာထဲက ပုံေလးေတြကို မွ်ေဝေပးလာခဲ့ပါတယ္။ ေတာသူမေလး ျဖဴျဖဴရဲ႕ ေအးခ်မ္းတဲ့ပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Phyu Phyu Htwe

(Unicode)

“ဒီစပါးခင်းကြီးက ဘယ်သူပိုင်တာလဲဟင်?
☘️☘️”လို့ မေးလာတဲ့ တောသူမလေး ဖြူဖြူထွေး

ရယ်စရာဟာသ videoလေးတွေ တင်ရင်းနဲ့ နာမည်ကျော်ကာ လူသိများလာခဲ့တဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ မိဘကို တင့်တောင်းတင့်တယ် ထားနိုင်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ဆန်းဟာ 2020ခုနှစ်မှာ ပိုလို့တိုးတက်အောင်မြင်လာခဲ့ပါတယ်။ သူများတွေ တော်တန်ရုံ မလုပ်နိုင်တဲ့ အလှူအတန်းများစွာကို ကိုယ်တိုင်သွားရောက်ကာ ပြုလုပ်လျှက်လည်း ရှိပါတယ်။

အခက်အခဲတွေကြောင့် အနုပညာလမ်းကြောင်းပေါ် မလျှောက်လှမ်းနိုင်တော့တဲ့ ဇာတ်ပို့အနုပညာရှင်တွေကိုလည်း တဖက်တလှမ်းကနေ ခေါ်ယူကာ ကြော်ငြာတွေ တူတူရိုက်ပြီး အကူအညီတွေ ပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒီကြားထဲမှ ဖြူဖြူထွေးရဲ့အပေါ်ကို အကောင်းမမြင်တဲ့သူတွေကလည်း ရှိလာပါသေးတယ်။ “အပင်မြင့်လေ လေတိုက်လေ”ဆိုတာမျိုးတွေက အပြင်မှာ တကယ်ကို ရှိနေပါတယ်နော်။

ခုတစ်ခါမှာတော့ ဖြူဖြူက “ဒီစပါးခင်းကြီးက ဘယ်သူပိုင်တာလဲဟင်?☘️☘️”လို့ မေးကာ သူမရဲ့ ရိုးရှင်းအေးချမ်းလှတဲ့ လယ်တောထဲက ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ တောသူမလေး ဖြူဖြူရဲ့ အေးချမ်းတဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Phyu Phyu Htwe

Leave a Reply

Your email address will not be published.