




(Unicode)

“ကိုယ်အရမ်းမုန်းပြီး ကြည့်မရတဲ့သူကလည်း တစ်ချိန်မှာ ကိုယ်အရမ်းချစ်ရတဲ့သူဖြစ်လာနိုင်တာပဲ”လို့ဆိုလာတဲ့ နေချိုသွေး

MRTV 4ရဲ့ မင်းသမီးတစ်လက် ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမကို သွယ်လျပြီး V Shapeဆန်တဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေ ပိုမို သတိထားမိလာခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ဝိညာဉ်ရှိုက်သံ၊ ချစ်ခြင်းတရားတို့ရှိရာ၊ အမုန်းမှသည်နဲ့ အချစ် ဆစ်ဂနယ် တို့ပဲ ဖြစ်ပါတယ်။

မင်းသမီးချော ဆောင်းဝတ်ရည်မေရဲ့ အိမ်နာမည်လေးကတော့ တုစိန်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက “Tusein Collection”ဆိုတဲ့ Pageလေးနဲ့ Online Shopတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ COVID ကာလအတွင်းမှာ မင်းသား၊မင်းသမီး အတော်များများကတော့ Liveလွှင့်ပြီး ဈေးရောင်းကာ စီးပွားရေး လုပ်နေကြတာကိုလည်း တွေ့လာရပါတယ်။

ခုလတ်တလောမှာတော့ တုစိန်လေးက “ကိုယ်အရမ်းမုန်းပြီး ကြည့်မရတဲ့သူကလည်း တစ်ချိန်မှာ ကိုယ်အရမ်းချစ်ရတဲ့သူဖြစ်လာနိုင်တာပဲ ??‍♀️ဥပမာ – နေချိုသွေး နဲ့ လူ့ဂွစာကြီးလိုပေါ့ ?”လို့ဆိုကာ သူမနဲ့စိုင်းနေရောင်တို့ရဲ့ မင်္ဂလာပုံရိပ်လေးကို ချစ်ပရိတ်သတ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။ ပရိတ်သတ်ကြီးရော နေချိုနဲ့စိုင်းနေကို သဘောတူကြရဲ့လား။

Source; Saung Wutyee May

Leave a Reply

Your email address will not be published.