






Source; Nan Su Oo
(Unicode)
စူးရှတဲ့ နေရောင်ခြည်အောက်မှာ တောက်ပစွာ လှနေပြန်တဲ့ မင်းသမီးချောလေး နန်းစုဦး
သရုပ်ဆောင် မင်းသမီးချောလေး နန်းစုဦးကတော့ နားကားကားလေးနဲ့ ချစ်စရာကောင်းပြီး မျက်ဝန်းအိမ်ကျယ်ကျယ်ကို ပိုင်ဆိုင်ထားတာကြောင့် တမူထူးခြားကာ လှနေသူလေးပဲ ဖြစ်ပါတယ်။ သူမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပေါင်းများစွာဟာလည်း အောင်မြင်ခဲ့ကာ ပရိတ်သတ်ရဲ့ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။
မင်းသမီးချော နန်းစုဦးရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ဥပါဒါန်၊ ကြောက်ကြောက်ကြောက်၊ မဟူရာ ရုပ်ရှင်ရုံနဲ့ ချူဆီ ဇာတ်ကားကြီးတို့ပဲ ဖြစ်ပါတယ်။ နန်းစုဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် သူမကို အားပေးပြီး ချစ်ကြတဲ့ ပရိတ်သတ်တွေက ပိုမိုများပြားလာခဲ့တာပဲ ဖြစ်ပါတယ်။ တခါတလေလည်း သူမက ချစ်ပရိတ်သတ်တွေကို Liveလွှင့်ပြီး ဂစ်တာတီးကာ သီချင်းဆိုပြလျှက် ရှိတာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ နန်းစုဦးက “Sunshine on my mind ?”လို့ဆိုကာ စူးရှတဲ့ နေရောင်ခြည်အောက်မှာ တောက်ပစွာ လှနေပြန်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ မင်းသမီးချောလေး နန်းစုဦးရဲ့ စူးရှတဲ့ နေရောင်အောက်က ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Nan Su Oo