အဆိုေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ နန္းစုရတီစိုးကေတာ့ အ႐ုပ္မေလးမ်က္ႏွာကို ပိုင္ဆိုင္ထားၿပီး ေသးသြယ္လွပတဲ့ ခႏၵာကိုယ္ေလးေၾကာင့္ ပရိတ္သတ္ေတြခ်စ္ရတဲ့ မင္းသမီးေခ်ာေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ နန္းစုရဲ႕ အခ်စ္ေရးကေတာ့ လက္ရွိမွာ တစ္ေယာက္တည္းဘဝနဲ႔ ေအးေအးေဆးေဆး ျဖစ္ေနပါတယ္။




လက္ရွိမွာေတာ့ နန္းစုက သ႐ုပ္ေဆာင္ မင္းသားေခ်ာ မင္းေသြးခန႔္နဲ႔ သ႐ုပ္ေဆာင္ထားတဲ့ “အလြမ္းရာသီ”ဆိုတဲ့ Music Videoေလး ထြက္ရွိထားပါတယ္။ နန္းစုရဲ႕ ပရိတ္သတ္ေတြကေတာ့ သူမရဲ႕ ထြက္သမွ်သီခ်င္းတိုင္းကို တခဲနက္အားေပးၾကတာကို ေတြ႕ရပါတယ္။ နန္းစုဟာ သူမရဲ႕ ခ်စ္ပရိတ္သတ္ေတြအတြက္ အၿမဲလိုလို သူမရဲ႕ လႈပ္ရွားမႈတိုင္းကို မွ်ေဝေပးေလ့ ရွိပါတယ္။




ခုတစ္ခါမွာေတာ့ နန္းစုက ““ပိုခ်စ္ရတဲ့သူ ကိုယ္ျဖစ္ပါေစ” ဆိုတာထက္ “ပိုခ်စ္ရတဲ့သူ မင္းျဖစ္ပါေစ”လို႔ပဲ ဆုေတာင္းတယ္ ကိုယ့္ကိုခ်စ္ရတာ မင္းအတြက္ေပ်ာ္႐ႊင္ေစတာ ကိုယ္သိေနတာကိုး။ ပိုလြမ္းရတဲ့သူေတာ့ ကိုယ္ပဲျဖစ္ခ်င္တယ္ အလြမ္းေတြမင္းကို မခံစားေစခ်င္လို႔”လို႔ဆိုကာ သူမရဲ႕ ဂါဝန္အရွည္ႀကီးနဲ႔ လြင့္ေနတဲ့ ပုံေလးေတြကို မွ်ေဝေပးလာခဲ့ပါတယ္။
Source; Nan Su Yati Soe
(Unicode)
““ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါစေ” ဆိုတာထက် “ပိုချစ်ရတဲ့သူ မင်းဖြစ်ပါစေ”လို့ပဲ ဆုတောင်းတယ်”လို့ဆိုကာ ဂါဝန်လေးနဲ့လွင့်နေတဲ့ နန်းစု
အဆိုတော် သရုပ်ဆောင် မင်းသမီးချော နန်းစုရတီစိုးကတော့ အရုပ်မလေးမျက်နှာကို ပိုင်ဆိုင်ထားပြီး သေးသွယ်လှပတဲ့ ခန္ဒာကိုယ်လေးကြောင့် ပရိတ်သတ်တွေချစ်ရတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းစုရဲ့ အချစ်ရေးကတော့ လက်ရှိမှာ တစ်ယောက်တည်းဘဝနဲ့ အေးအေးဆေးဆေး ဖြစ်နေပါတယ်။
လက်ရှိမှာတော့ နန်းစုက သရုပ်ဆောင် မင်းသားချော မင်းသွေးခန့်နဲ့ သရုပ်ဆောင်ထားတဲ့ “အလွမ်းရာသီ”ဆိုတဲ့ Music Videoလေး ထွက်ရှိထားပါတယ်။ နန်းစုရဲ့ ပရိတ်သတ်တွေကတော့ သူမရဲ့ ထွက်သမျှသီချင်းတိုင်းကို တခဲနက်အားပေးကြတာကို တွေ့ရပါတယ်။ နန်းစုဟာ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတိုင်းကို မျှဝေပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ နန်းစုက ““ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါစေ” ဆိုတာထက် “ပိုချစ်ရတဲ့သူ မင်းဖြစ်ပါစေ”လို့ပဲ ဆုတောင်းတယ် ကိုယ့်ကိုချစ်ရတာ မင်းအတွက်ပျော်ရွှင်စေတာ ကိုယ်သိနေတာကိုး။ ပိုလွမ်းရတဲ့သူတော့ ကိုယ်ပဲဖြစ်ချင်တယ် အလွမ်းတွေမင်းကို မခံစားစေချင်လို့”လို့ဆိုကာ သူမရဲ့ ဂါဝန်အရှည်ကြီးနဲ့ လွင့်နေတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။
Source; Nan Su Yati Soe