





(Unicode)
“အားလုံးမျှော်လင့်နေတဲ့ စိတ်ကူးလေးတွေအတိုင်း
နောက်ဆုံးမှာ လှပစွာ ချစ်ခြင်းတွေနဲ့ အနားသတ်ခဲ့တယ်”လို့ဆိုလာတဲ့ နေချိုသွေး
MRTV 4ရဲ့ မင်းသမီးတစ်လက် ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမကို သွယ်လျပြီး V Shapeဆန်တဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေ ပိုမို သတိထားမိလာခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ဝိညာဉ်ရှိုက်သံ၊ ချစ်ခြင်းတရားတို့ရှိရာ၊ အမုန်းမှသည်နဲ့ အချစ် ဆစ်ဂနယ် တို့ပဲ ဖြစ်ပါတယ်။
မင်းသမီးချော ဆောင်းဝတ်ရည်မေရဲ့ အိမ်နာမည်လေးကတော့ တုစိန်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက “Tusein Collection”ဆိုတဲ့ Pageလေးနဲ့ Online Shopတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ COVID ကာလအတွင်းမှာ မင်းသား၊မင်းသမီး အတော်များများကတော့ Liveလွှင့်ပြီး ဈေးရောင်းကာ စီးပွားရေး လုပ်နေကြတာကိုလည်း တွေ့လာရပါတယ်။
ခုလတ်တလောမှာတော့ တုစိန်လေးက “အားလုံးမျှော်လင့်နေတဲ့ စိတ်ကူးလေးတွေအတိုင်း နောက်ဆုံးမှာ လှပစွာ ချစ်ခြင်းတွေနဲ့ အနားသတ်ခဲ့တယ်။အမုန်းမှသည် …..ဒုတိအကြိမ်ထုတ်လွှင့်တာ
ဒီနေ့ဆိုဇာတ်သိမ်ပိုင်းအထိရောက်ပါပြီ။ ဒုတိယအကြိမ် ပြန်စလွှင့်တဲ့နေ့ထဲကနေ အခု့ဇာတ်သိမ်းထိ အားပေးလာကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို
အရမ်းလည်းကျေးဇူးတင်ပါတယ်ရှင် ? နေချိုသွေးကိုချစ်ကြတဲ့ သူတွေအားလုံးကိုလည်း ရင်ဘက်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းထပ်ပြောချင်ပါတယ် ??။ ဒီနေ့ည ၈:၄၅မှာ ဇာတ်သိမ်းပိုင်းလေးစောင့်ကြည့်ဖို့လည်း မမေ့ကြနဲ့နော် ?”လို့ဆိုကာ အမုန်းမှသည်အဖွဲ့ရဲ့ အမှတ်တရပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။
Source; Saung Wutyee May