



Source; Aung Lay

(Unicode)

“ရိုးရိုးလေးပါပဲ ကျုပ်ကိုချစ်တဲ့ ခင်ဗျားလေးရဲ့အချစ်လိုပေါ့..?”လို့ဆိုလာတဲ့ မော်ဒယ် အောင်လေး

နှုတ်ခမ်းနီမလေးတွေ အရမ်းကိုကြိုက်ပြီး သည်းသည်းလှုပ် အားပေးကြတဲ့ မော်ဒယ် အောင်လေးကတော့ လက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။ မော်ဒယ် အောင်လေးဟာ ဖြူဖွေးကြည်လင်တဲ့ အသားအရည်ကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမင်းသားလေးလို ချောမောခန့်ငြားသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Music videoတွေမှာ ပါဝင်သရုပ်ဆောင်လျှက် ရှိနေပြီး သူငယ်ချင်းများနဲ့လည်း အခွီTiktokလေးတွေ ‌ဆော့လျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ အမာခံပရိတ်သတ်တွေနဲ့ အမြဲလိုလို ပရဟိတအလှူအတန်းများကို ရက်ရောစွာ ကူညီလုပ်‌ဆောင်လျှက် ရှိနေပါတယ်။ ကြော်ငြာရိုက်ကူးရေးများစွာကိုလည်း ရိုက်ကူးပြီးစီးထားတာ တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ မော်ဒယ်အောင်လေးက “ရိုးရိုးလေးပါပဲ ကျုပ်ကိုချစ်တဲ့ ခင်ဗျားလေးရဲ့အချစ်လိုပေါ့..?”လို့ဆိုကာ ချောမောလှပတဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ မော်ဒယ်အောင်လေးရဲ့ ချောမောခန့်ငြားတဲ့ ပုံလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Aung Lay

Leave a Reply

Your email address will not be published.