“Happily holding on …”လို႔ဆိုကာ ခ်စ္စရာေကာင္းစြာ လွေနတဲ့ ပုံေလးေတြ မွ်ေဝေပးခဲ့တဲ့ ပိုးမမွီသာ

ပုရိသေယာက္က်ားေလးေတြ အရမ္းကို ခ်စ္ၿပီး အားေပးၾကတဲ့ ဆရာဝန္မေလး ပိုးမမွီသာကေတာ့ ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္ ျဖစ္ေနပါၿပီ။ ပိုးကို Sai Cosmeticကေနတစ္ဆင့္ စတင္ၿပီး သတိထားမိလာခဲ့ကာ ေနာက္ပိုင္းမွာ‌‌ေတာ့ ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို ဆက္တိုက္လုပ္ေဆာင္လာတာကို ေတြ႕ရပါတယ္။

ပိုးက ၾကားထဲမွာ ေဆးေက်ာင္းလည္း တစ္ဖက္ တက္ေနရေတာ့ အႏုပညာအလုပ္ေတြကို ခနရပ္နားခဲ့ကာ စာေတြႀကိဳးစားရင္း မိဘေတြ ေလးစားအားထားရတဲ့ ေဒါက္တာမေလး ပိုးမမွီသာ ျဖစ္လာခဲ့ပါတယ္။ အဲ့ေနာက္ပိုင္းမွာ‌ေတာ့ သ႐ုပ္ေဆာင္ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္နဲ႔ တြဲဖက္ၿပီး “ပိေတာက္ကတဲ့ ဂီတ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပိုးမဒီဆိုတဲ့ အဓိကဇာတ္ေကာင္ေနရာကေန သ႐ုပ္ေဆာင္ခဲ့ကာ ပရိတ္သတ္ေတြရဲ႕ အထူးအားေပးမႈကို ရရွိခဲ့ပါတယ္။

ခုတစ္ခါမွာေတာ့ ပိုးက “Happily holding on …”လို႔ဆိုကာ ခ်စ္စရာေကာင္းစြာ လွေနတဲ့ ပုံေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ ပိုးရဲ႕ခ်စ္ပရိတ္သတ္ေတြကေတာ့ တစ္ေန႔တစ္မ်ိဳး မ႐ိုးရေအာင္ ပို႔စ္ေတြေပးကာ ဘာေလးဝတ္ဝတ္ လွေနတဲ့ ပိုးရဲ႕ပုံေလးေတြကို ခ်စ္ေနၾကတာကိုလည္း ေတြ႕ရပါတယ္။ ကဲ ဒါဆိုရင္ ပိုးရဲ႕ပုံေလးေတြကို မျမင္ရေသးတဲ့ ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Poe Mamhe Thar

(Unicode)

“Happily holding on …”လို့ဆိုကာ ချစ်စရာကောင်းစွာ လှနေတဲ့ ပုံလေးတွေ မျှဝေပေးခဲ့တဲ့ ပိုးမမှီသာ

ပုရိသယောက်ကျားလေးတွေ အရမ်းကို ချစ်ပြီး အားပေးကြတဲ့ ဆရာဝန်မလေး ပိုးမမှီသာကတော့ အောင်မြင်တဲ့ မင်းသမီးတစ်လက် ဖြစ်နေပါပြီ။ ပိုးကို Sai Cosmeticကနေတစ်ဆင့် စတင်ပြီး သတိထားမိလာခဲ့ကာ နောက်ပိုင်းမှာ‌‌တော့ ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ပိုးက ကြားထဲမှာ ဆေးကျောင်းလည်း တစ်ဖက် တက်နေရတော့ အနုပညာအလုပ်တွေကို ခနရပ်နားခဲ့ကာ စာတွေကြိုးစားရင်း မိဘတွေ လေးစားအားထားရတဲ့ ဒေါက်တာမလေး ပိုးမမှီသာ ဖြစ်လာခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ‌တော့ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်ပြီး “ပိတောက်ကတဲ့ ဂီတ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုးမဒီဆိုတဲ့ အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။

ခုတစ်ခါမှာတော့ ပိုးက “Happily holding on …”လို့ဆိုကာ ချစ်စရာကောင်းစွာ လှနေတဲ့ ပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ ပိုးရဲ့ချစ်ပရိတ်သတ်တွေကတော့ တစ်နေ့တစ်မျိုး မရိုးရအောင် ပို့စ်တွေပေးကာ ဘာလေးဝတ်ဝတ် လှနေတဲ့ ပိုးရဲ့ပုံလေးတွေကို ချစ်နေကြတာကိုလည်း တွေ့ရပါတယ်။ ကဲ ဒါဆိုရင် ပိုးရဲ့ပုံလေးတွေကို မမြင်ရသေးတဲ့ ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Poe Mamhe Thar

Leave a Reply

Your email address will not be published.