သူမရဲ႕ေဖေဖကို ကိုယ္တိုင္ ဆံပင္ညႇပ္ေပးေနတဲ့ မင္းသမီးေခ်ာေလး ေ႐ႊသမီး

ကုလားစင္မ်က္ႏွာေပါက္ေလးနဲ႔ မ်က္လုံး မ်က္ခုံးေလးေတြ အရမ္းလွတဲ့ မင္းသမီးေခ်ာေလး ေ႐ႊသမီးကေတာ့ ပရိတ္သတ္ေတြ အထူးခ်စ္ခင္ အားေပးၾကတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမကို အားလုံးက ခ်စ္စႏိုးနဲ႔ ေ႐ႊေ႐ႊေလးလို႔ ေခၚၾကပါတယ္။ လက္ရွိမွာေတာ့ ေ႐ႊေ႐ႊေလးက ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို အဆက္မျပတ္ လက္ခံ႐ိုက္ကူးလွ်က္ ရွိေနပါတယ္။

ေ႐ႊေ႐ႊရဲ႕ ေအာင္ျမင္ေက်ာ္ၾကား နာမည္ႀကီးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကေတာ့ “ေရွ႕သြား ေနာက္လိုက္၊ သခင္ႀကီးနဲ႔ ငါးပိရည္ တို႔စရာ၊ ေတာက္ခ်လိုက္မယ္နဲ႔ ခ်ည္” တို႔ပဲ ျဖစ္ပါတယ္။ ေ႐ႊေ႐ႊက သူမရဲ႕ ပရိတ္သတ္ေတြအေပၚကိုလည္း အၿမဲလိုလို ေဖာ္ေ႐ြကာ ၾကင္နာတတ္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Puppyေလးေတြကို အရမ္းခ်စ္တတ္တဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ခုတစ္ခါမွာေတာ့ ေ႐ႊေ႐ႊက “ကိုဗစ္ကာလကေတာ့ အက်ႌပြပြ ေဘာင္းဘီပြပြဝတ္ ၾကက္ေပါင္ဖိနပ္နဲ႔ေနလဲ ပညာစုံထုတ္သုံးေနရေတာ့တာပါပဲ?ဆံပင္ညႇပ္ၾကဦးမလားရွင့္?ေဖေဖ့ကိုေတာ့ ေတာင္းပန္ၿပီး ႀကိဳမွာထားရတယ္ ဆံပင္ညႇပ္ဆိုင္သြားလို႔ရတဲ့အခ်ိန္က် ဆံသဆရာက ခင္မ်ားဆံပင္ဘယ္သူညႇပ္ေပးထားလဲေမးရင္ (သမီးအငယ္ဆုံးေလးညႇပ္ေပးတာလို႔ မေျပာနဲ႔ေနာ္လို႔ )?မဟုတ္ရင္ ဆံသဆရာကပါးစပ္ကထုတ္မေျပာရင္ေတာင္ ကြၽန္မကိုစိတ္ထဲကေန က်ိန္ဆဲေနမွာ အေသအခ်ာဘဲေလ? ညႇပ္တာ ဂိုက္ထိုးတာ အကုန္အဆင္ေျပပါတယ္ နားထင္ေလးနဲနဲကြက္သြား႐ုံေလးပါဘဲ??အဆင္ေျပပါတယ္ ညႇပ္ခ်င္သူမ်ားရွိရင္လဲ ေျပာပါေနာ့?”လို႔ဆိုကာ သူမရဲ႕ေဖေဖကို ကိုယ္တိုင္ ဆံပင္ညႇပ္ေပးေနတဲ့ ပုံေလးေတြကို မွ်ေဝေပးလာခဲ့ပါတယ္။

Source; Shwe Thamee

(Unicode)

သူမရဲ့ဖေဖေကို ကိုယ်တိုင် ဆံပင်ညှပ်ပေးနေတဲ့ မင်းသမီးချောလေး ရွှေသမီး

ကုလားစင်မျက်နှာပေါက်လေးနဲ့ မျက်လုံး မျက်ခုံးလေးတွေ အရမ်းလှတဲ့ မင်းသမီးချောလေး ရွှေသမီးကတော့ ပရိတ်သတ်တွေ အထူးချစ်ခင် အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ရွှေရွှေလေးလို့ ခေါ်ကြပါတယ်။ လက်ရှိမှာတော့ ရွှေရွှေလေးက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက် ရှိနေပါတယ်။

ရွှေရွှေရဲ့ အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ “ရှေ့သွား နောက်လိုက်၊ သခင်ကြီးနဲ့ ငါးပိရည် တို့စရာ၊ တောက်ချလိုက်မယ်နဲ့ ချည်” တို့ပဲ ဖြစ်ပါတယ်။ ရွှေရွှေက သူမရဲ့ ပရိတ်သတ်တွေအပေါ်ကိုလည်း အမြဲလိုလို ဖော်ရွေကာ ကြင်နာတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Puppyလေးတွေကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ရွှေရွှေက “ကိုဗစ်ကာလကတော့ အင်္ကျီပွပွ ဘောင်းဘီပွပွဝတ် ကြက်ပေါင်ဖိနပ်နဲ့နေလဲ ပညာစုံထုတ်သုံးနေရတော့တာပါပဲ?ဆံပင်ညှပ်ကြဦးမလားရှင့်?ဖေဖေ့ကိုတော့ တောင်းပန်ပြီး ကြိုမှာထားရတယ် ဆံပင်ညှပ်ဆိုင်သွားလို့ရတဲ့အချိန်ကျ ဆံသဆရာက ခင်များဆံပင်ဘယ်သူညှပ်ပေးထားလဲမေးရင် (သမီးအငယ်ဆုံးလေးညှပ်ပေးတာလို့ မပြောနဲ့နော်လို့ )?မဟုတ်ရင် ဆံသဆရာကပါးစပ်ကထုတ်မပြောရင်တောင် ကျွန်မကိုစိတ်ထဲကနေ ကျိန်ဆဲနေမှာ အသေအချာဘဲလေ? ညှပ်တာ ဂိုက်ထိုးတာ အကုန်အဆင်ပြေပါတယ် နားထင်လေးနဲနဲကွက်သွားရုံလေးပါဘဲ??အဆင်ပြေပါတယ် ညှပ်ချင်သူများရှိရင်လဲ ပြောပါနော့?”လို့ဆိုကာ သူမရဲ့ဖေဖေကို ကိုယ်တိုင် ဆံပင်ညှပ်ပေးနေတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။

Source; Shwe Thamee

Leave a Reply

Your email address will not be published.