



Source; Nyein Thaw

(Unicode)

အရင်က သွားခဲ့ဖူးတဲ့ “ရေခဲတောင် ဒေသ”လေးကို ပြန်သွားချင်တဲ့အကြောင်းလေးကို မျှဝေပေးလာတဲ့ ငြိမ်းသော်

မော်ဒယ် ဘဝကနေ စပြီး မိန်းကလေးပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တဲ့ ငြိမ်းသော်ကတော့ လက်ရှိမှာ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မာ လျှောက်လှမ်းနေတာကို တွေ့ရပါတယ်။ သူဟာ ကိုရီးယားဆန်တဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားပြီး ခန့်ညားတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေက ပိုလို့ အချစ်ပိုနေကြရတာပါ။

အခုလက်ရှိမှာတော့ သူက မော်ဒယ်အလုပ်အပြင် ကြော်ငြာရိုက်ကူးရေးတွေကို လုပ်ဆောင်လျှက် ရှိနေပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ Cookiesကနေ ထုတ်လွှင့်ပြသနေတဲ့ “နင်ရှိတဲ့ ကမ္ဘာ”ဆိုတဲ့ ဇာတ်လမ်းလေးမှာလည်း မြင့်မိုရ် ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားလျှက် ရှိပါတယ်။

ခုတစ်ခါမှာတော့ မင်းသားချော ငြိမ်းသော်က “အခုပြန်သွားချင်တဲ့ ဒေသလေး❄️ရေခဲတောင် 🏔”လို့ဆိုကာ အရင်က သွားခဲ့ဖူးတဲ့ “ရေခဲတောင် ဒေသ”လေးကို ပြန်သွားချင်တဲ့အကြောင်းလေးကို ပုံရိပ်လေးတွေနဲ့တကွ မျှဝေပေးလာခဲ့ပါတယ်။ မင်းသားချော ငြိမ်းသော်ရဲ့ ရေခဲတောင်အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Nyein Thaw

Leave a Reply

Your email address will not be published.