ႏိုဝင္ဘာလ ၂၅ရက္ေန႔မွာ က်ေရာက္တဲ့ မင္းသားေခ်ာ ေအာင္မင္းခန႔္ရဲ႕ ေမြးေန႔အမွတ္တရပုံရိပ္ေလးမ်ား

MRTV 4ရဲ႕ နာမည္ႀကီး ေအာင္ျမင္ခဲ့တဲ့ “ထာဝရမႏၲေလး”ဆိုတဲ့ ဇာတ္လမ္းတြဲကေန စတင္ၿပီး ပရိတ္သတ္ေတြ သတိထားမိလာခဲ့တဲ့ မင္းသားေခ်ာေလးကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာ ေအာင္မင္းခန႔္ပဲ ျဖစ္ပါတယ္။ သူဟာ ဇာတ္လမ္းတြဲမင္းသားလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ သူ႔ရဲ႕ ဇာတ္လမ္းတြဲမ်ားစြာဟာ ေအာင္ျမင္ေက်ာ္ၾကား လူသိမ်ားခဲ့ပါတယ္။

မင္းသားေခ်ာ ေအာင္မင္းခန႔္ရဲ႕ ေအာင္ျမင္ေက်ာ္ၾကား လူသိမ်ားခဲ့တဲ့ ဇာတ္လမ္းတြဲေတြကေတာ့ “ထာဝရ မႏၲေလး၊ ပန္းႏုေသြး၊ ဝကၤပါစံအိမ္၊ ပို၍လွေသာ မနက္ျဖန္၊ ရတနာထဲက ရတနာ၊ ပၪၥလက္႐ြာ၊ မေန႔ကျဖစ္သည္ ၂ ႏွင့္ မ်က္လုံးမွာအလြမ္း ႏႈတ္ခမ္းမွာမာနတို႔ပဲ ျဖစ္ပါတယ္။ မင္းသားေခ်ာ ေအာင္မင္းခန႔္ဟာ ႏိုင္ငံေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသားေခ်ာ ႏိုင္းႏိုင္းရဲ႕ တစ္ဦးတည္းေသာ ညီဝမ္းကြဲလည္း ျဖစ္ပါတယ္။

ဒီေန႔ ႏိုဝင္ဘာလ ၂၅ရက္ေန႔ေလးကေတာ့ မင္းသားေခ်ာ ေအာင္မင္းခန႔္ရဲ႕ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ မင္းသားက “ေမြးေန႔မွာ စာနဲ႔ေကာ ဖုန္းနဲ႔ေကာ FB ကေနေရာ massenger ကေနေရာ ဆုေတာင္းေပးၾကတဲ့ သူမ်ားအားလုံးကို အရမ္းေက်းဇူးတင္ပါတယ္စာေလးေတြျပန္ဖို႔က်န္ခဲ့တာေလးေတြရွိရင္လဲနားလည္ေပးပါေနာ္ Happy birthday to me 🎂🎂🎂🎂🎂”လို႔ဆိုကာ ေမြးေန႔အမွတ္တရပုံေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ ခ်စ္ရတဲ့ ပရိတ္သတ္ႀကီးေရ မင္းသားေခ်ာ ေအာင္မင္းခန႔္ရဲ႕ ေမြးေန႔ေလးကို ဂုဏ္ျပဳေပးသြားၾကပါအုံးေနာ္။

Source; Aung Min Khant

(Unicode)

နိုဝင်ဘာလ ၂၅ရက်နေ့မှာ ကျရောက်တဲ့ မင်းသားချော အောင်မင်းခန့်ရဲ့ မွေးနေ့အမှတ်တရပုံရိပ်လေးများ

MRTV 4ရဲ့ နာမည်ကြီး အောင်မြင်ခဲ့တဲ့ “ထာဝရမန္တလေး”ဆိုတဲ့ ဇာတ်လမ်းတွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့တဲ့ မင်းသားချောလေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော အောင်မင်းခန့်ပဲ ဖြစ်ပါတယ်။ သူဟာ ဇာတ်လမ်းတွဲမင်းသားလို့ တင်စားခေါ်ဝေါ်ရလောက်အောင် သူ့ရဲ့ ဇာတ်လမ်းတွဲများစွာဟာ အောင်မြင်ကျော်ကြား လူသိများခဲ့ပါတယ်။

မင်းသားချော အောင်မင်းခန့်ရဲ့ အောင်မြင်ကျော်ကြား လူသိများခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ “ထာဝရ မန္တလေး၊ ပန်းနုသွေး၊ ဝင်္ကပါစံအိမ်၊ ပို၍လှသော မနက်ဖြန်၊ ရတနာထဲက ရတနာ၊ ပဉ္စလက်ရွာ၊ မနေ့ကဖြစ်သည် ၂ နှင့် မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာနတို့ပဲ ဖြစ်ပါတယ်။ မင်းသားချော အောင်မင်းခန့်ဟာ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းရဲ့ တစ်ဦးတည်းသော ညီဝမ်းကွဲလည်း ဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၅ရက်နေ့လေးကတော့ မင်းသားချော အောင်မင်းခန့်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မင်းသားက “မွေးနေ့မှာ စာနဲ့ကော ဖုန်းနဲ့ကော FB ကနေရော massenger ကနေရော ဆုတောင်းပေးကြတဲ့ သူများအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်
စာလေးတွေပြန်ဖို့ကျန်ခဲ့တာလေးတွေရှိရင်လဲနားလည်ပေးပါနော် Happy birthday to me 🎂🎂🎂🎂🎂”လို့ဆိုကာ မွေးနေ့အမှတ်တရပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ ချစ်ရတဲ့ ပရိတ်သတ်ကြီးရေ မင်းသားချော အောင်မင်းခန့်ရဲ့ မွေးနေ့လေးကို ဂုဏ်ပြုပေးသွားကြပါအုံးနော်။

Source; Aung Min Khant

Leave a Reply

Your email address will not be published.