ဟာသလူ႐ႊင္ေတာ္ ဒါ႐ိုက္တာ ဦးခင္လႈိင္ရဲ႕ သမီးေခ်ာေလးျဖစ္တဲ့ သဇင္ထူးျမင့္ကေတာ့ ယခုဆိုရင္ ေအာင္ျမင္တဲ့ ေနရာတစ္ခုမွာ ရပ္တည္လာတာကို ေတြ႕ရပါတယ္။ သူမဟာ ခ်စ္စရာေကာင္းတဲ့ အၿပဳံးခ်ိဳခ်ိဳေလးကို ပိုင္ဆိုင္ထားတာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြကို အျပည့္အဝ ရရွိထားသူလည္း ျဖစ္ပါတယ္။ သူမရဲ႕ အိမ္ေခၚနာမည္ေလးကေတာ့ သဲသဲပဲ ျဖစ္ပါတယ္။




ပရိတ္သတ္ေတြအားလုံးရဲ႕ အသည္းကို ဖမ္းစားထားႏိုင္တဲ့ မင္းသမီးေခ်ာေလး ယြန္းယြန္းဟာ မ်က္စိအေရွ႕တင္ ကေလးသ႐ုပ္ေဆာင္ဘဝေလးကေန အပ်ိဳဖားဖားႀကီးျဖစ္ကာ အလွႀကီးလွလာတာကို ေတြ႕ရပါတယ္။ သူမကို စၿပီး သတိထားမိခဲ့ၾကတာကေတာ့ နက္ေမွာင္ၿပီး ေျဖာင့္ဆင္းတဲ့ ဆံေကသာႀကီးေၾကာင့္ပဲ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ယြန္းယြန္းေလးက ေခတ္နဲ႔အညီ ဆံႏြယ္ရွည္ေတြကို အေရာင္ဆိုးကာ ျဖဴစင္လွပတဲ့ သူမရဲ႕ အသားအရည္နဲ႔ လိုက္ဖက္မႈရွိေနကာ တစ္မ်ိဳးေလး လွေနျပန္ပါတယ္။




ခုရက္ထဲမွာေတာ့ သဲနဲ႔ယြန္းက ကိတ္မုန႔္ဖုတ္တဲ့ သင္တန္းေလးကို အတူတူ တက္ေရာက္လွ်က္ ရွိေနၾကပါတယ္။ မင္းသမီးေခ်ာေလး သဇင္ထူးျမင့္က “သဲနဲ႔ယြန္း လုပ္ေကြၽးတဲ့ cupcake ေလးစားမလား?”လို႔ဆိုကာ မုန႔္ဖုတ္ေနတဲ့ ပုံေလးေတြကို မွ်ေဝေပးလာခဲ့ပါတယ္။ ခ်စ္စရာေကာင္မေလးႏွစ္ေယာက္ရဲ႕ မုန႔္ဖုတ္ရင္း က်ီစယ္ေနၾကတဲ့ ပုံရိပ္ေလးကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Thazin Htoo Myint
(Unicode)
“သဲနဲ့ယွန်း လုပ်ကျွေးတဲ့ cupcake လေးစားမလား?”လို့ဆိုကာ မုန့်ဖုတ်နေတဲ့ ပုံလေးတွေ မျှဝေပေးလာတဲ့ သဇင်ထူးမြင့်
ဟာသလူရွှင်တော် ဒါရိုက်တာ ဦးခင်လှိုင်ရဲ့ သမီးချောလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ ယခုဆိုရင် အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လာတာကို တွေ့ရပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိထားသူလည်း ဖြစ်ပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ သဲသဲပဲ ဖြစ်ပါတယ်။
ပရိတ်သတ်တွေအားလုံးရဲ့ အသည်းကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချောလေး ယွန်းယွန်းဟာ မျက်စိအရှေ့တင် ကလေးသရုပ်ဆောင်ဘဝလေးကနေ အပျိုဖားဖားကြီးဖြစ်ကာ အလှကြီးလှလာတာကို တွေ့ရပါတယ်။ သူမကို စပြီး သတိထားမိခဲ့ကြတာကတော့ နက်မှောင်ပြီး ဖြောင့်ဆင်းတဲ့ ဆံကေသာကြီးကြောင့်ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ယွန်းယွန်းလေးက ခေတ်နဲ့အညီ ဆံနွယ်ရှည်တွေကို အရောင်ဆိုးကာ ဖြူစင်လှပတဲ့ သူမရဲ့ အသားအရည်နဲ့ လိုက်ဖက်မှုရှိနေကာ တစ်မျိုးလေး လှနေပြန်ပါတယ်။
ခုရက်ထဲမှာတော့ သဲနဲ့ယွန်းက ကိတ်မုန့်ဖုတ်တဲ့ သင်တန်းလေးကို အတူတူ တက်ရောက်လျှက် ရှိနေကြပါတယ်။ မင်းသမီးချောလေး သဇင်ထူးမြင့်က “သဲနဲ့ယွန်း လုပ်ကျွေးတဲ့ cupcake လေးစားမလား?”လို့ဆိုကာ မုန့်ဖုတ်နေတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ချစ်စရာကောင်မလေးနှစ်ယောက်ရဲ့ မုန့်ဖုတ်ရင်း ကျီစယ်နေကြတဲ့ ပုံရိပ်လေးကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Thazin Htoo Myint