ေနေရာင္ျခည္ရဲ႕ေအာက္က Cinderellaေလးအလား ျဖဴစင္စြာ လွေနတဲ့ မင္းသမီးေခ်ာေလး ေမတိုးခိုင္

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ အူဝဲရဲ႕ တူမအရင္းေလးျဖစ္တဲ့ ေမတိုးခိုင္ကေတာ့ အကယ္ဒမီေ႐ႊႀကိဳပြဲကေန စတင္ၿပီး ပရိတ္သတ္ေတြ သတိထားမိလာခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေၾကာ္ျငာ႐ိုက္ကူးေရးေတြအျပင္ သ႐ုပ္ေဆာင္ဘက္ကိုပါ လုပ္ေဆာင္လာခဲ့ကာ အခုဆိုရင္ေတာ့ ပရိတ္သတ္ အခိုင္အမာ ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္ေနပါၿပီ။

မင္းသမီးေခ်ာေလး ေမတိုးခိုင္ရဲ႕ အိမ္ေခၚနာမည္ေလးကေတာ့ ဖူးပါ။ လတ္တေလာမွာေတာ့ ဖူးက ေတးသံရွင္ AR-Tရဲ႕ Music videoထဲမွာ Fan Girl တစ္ေယာက္အေနနဲ႔ ပါဝင္ သ႐ုပ္ေဆာင္ထားခဲ့ပါတယ္။ ကေလးေလးတစ္ေယာက္လို လြတ္လပ္ေပါ့ပါးစြာ ေနတတ္တဲ့ ဖူးကေတာ့ အၿမဲလိုလို လန္းဆန္းတက္ႂကြေနတာကို ျမင္ရပါတယ္။

ခုတစ္ခါမွာေတာ့ ဖူးက ေနေရာင္ျခည္ရဲ႕ေအာက္က Cinderellaေလးအလား ျဖဴစင္စြာ လွေနတဲ့ သူမရဲ႕ အလွပုံရိပ္ေလးကို မွ်ေဝေပးခဲ့ပါတယ္။ ေနေရာင္ျခည္ေအာက္က Cinderellaေလး ဖူးရဲ႕ အလွပုံရိပ္ေလးကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; May Toe Khaing

(Unicode)

နေရောင်ခြည်ရဲ့အောက်က Cinderellaလေးအလား ဖြူစင်စွာ လှနေတဲ့ မင်းသမီးချောလေး မေတိုးခိုင်

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချော အူဝဲရဲ့ တူမအရင်းလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ အကယ်ဒမီရွှေကြိုပွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြော်ငြာရိုက်ကူးရေးတွေအပြင် သရုပ်ဆောင်ဘက်ကိုပါ လုပ်ဆောင်လာခဲ့ကာ အခုဆိုရင်တော့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။

မင်းသမီးချောလေး မေတိုးခိုင်ရဲ့ အိမ်ခေါ်နာမည်လေးကတော့ ဖူးပါ။ လတ်တလောမှာတော့ ဖူးက တေးသံရှင် AR-Tရဲ့ Music videoထဲမှာ Fan Girl တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားခဲ့ပါတယ်။ ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ နေတတ်တဲ့ ဖူးကတော့ အမြဲလိုလို လန်းဆန်းတက်ကြွနေတာကို မြင်ရပါတယ်။

ခုတစ်ခါမှာတော့ ဖူးက နေရောင်ခြည်ရဲ့အောက်က Cinderellaလေးအလား ဖြူစင်စွာ လှနေတဲ့ သူမရဲ့ အလှပုံရိပ်လေးကို မျှဝေပေးခဲ့ပါတယ်။ နေရောင်ခြည်အောက်က Cinderellaလေး ဖူးရဲ့ အလှပုံရိပ်လေးကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; May Toe Khaing

Leave a Reply

Your email address will not be published.