



Source; Ar T

(Unicode)

KFC ကြော်ငြာရိုက်ကူးလေးမှာ တွေ့ရတဲ့ မင်းသားချော ထူးအောင်၊အဆိုတော် အားတီနဲ့ မင်းသမီးချော မေ့ဂရေ့စ်တို့ရဲ့ ဟာသပုံရိပ်များ

လတ်တလောမှာ ပရိတ်သတ်တွေကြား နာမည်ကြီးနေတဲ့ KFC ကြော်ငြာဟာသလေးမှာ ပါဝင်‌ကပြခဲ့တဲ့ သူတွေကတော့ နာမည်ကြီး မင်းသားချော ဗလကြီး ထူးအောင်၊ အမြဲလိုလို ဟာသတွေ ပြောကာ ပျော်ပျော်နေတတ်တဲ့ အဆိုတော် အားတီနဲ့ ရိုးရိုးအေးအေးလေး နေတတ်ပြီး ခန္ဒာကိုယ် သွယ်သွယ်လျလျလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေ့ဂရေ့စ်တို့ပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ကြော်ငြာ Music videoလေးကတော့ ပရိတ်သတ်တွေ အထူးအားပေးမှုကို ရရှိထားပြီး အခုဆိုရင် KFCကြက်ကြော်ဟာ ပိုလို့ နာမည်ရလာတာကို တွေ့ရပါတယ်။ အဲ့ဒီရိုက်ကူးရေးလေးထဲကမှ တစ်ချို့ဟာသပုံရိပ်လေးကို အဆိုတော် အားတီမှ ချစ်ပရိတ်သတ်တွေဆီကို မျှဝေပေးလာခဲ့ပါတယ်။ မင်းသမီးချောလေး မေ့ဂရေ့စ်ကို အားမာန်အပြည့်နဲ့ ချီမြှောက်ထားကြတဲ့ ဟာသပုံလေးပဲ ဖြစ်ပါတယ်။

အဆိုတော် အားတီရဲ့ ပရိတ်သတ်တွေကတော့ မင်းသားချော ထူးအောင်နဲ့ တွဲလိုက်ပါတော့လို့ဆိုကာ အားတီအား စနောက်ကျီစယ်နေကြတာကိုလည်း တွေ့ရပါတယ်။ ကဲ KFCကြော်ငြာလေးကို မကြည့်ရသေးတဲ့ ချစ်ပရိတ်သတ်အတွက် ရိုက်ကွင်းက ဟာသပုံရိပ်တစ်ချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Ar T

Leave a Reply

Your email address will not be published.