







Source; Daung
(Unicode)
“ဆောင်းတွင်းနွေ”Music videoလေးတွေထဲက ကြည်နူးစွာ လိုက်ဖက်နေကြတဲ့ ဒေါင်းနဲ့မေဂရေ့စ်တို့ရဲ့ ပုံရိပ်များ
နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် ချစ်ခင်အားပေးကြတဲ့ မင်းသားချော ဒေါင်းကတော့ ညို့အားပြင်းတဲ့အကြည့်၊ တည်ကြည်ခန့်ညားတဲ့ အပြုံးတို့ကို ပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ကောင်းသော အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒေါင်းရဲ့ နောက်ဆုံး ထွက်ရှိခဲ့တဲ့ အနုပညာလှုပ်ရှားမှုလေးကတော့ နာမည်ကြီး မင်းသမီးချော ပိုင်ဖြိုးသုနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “အချစ်ဖြင့် လွမ်းစေ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။
နာမည်ကျော် မော်ဒယ်မလေး မေဂရေ့စ်ပယ်ရီကတော့ ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ “ချစ်သူမရှိတဲ့ အချိန်”ဆိုတဲ့ Music Videoလေးမှာ စတင်ပြီး သရုပ်ဆောင်ခဲ့ရာကနေ ပရိတ်သတ်တွေရဲ့ အထူးအားပေး ချစ်ခင်မှုကို ရရှိခဲ့တာပါ။
ခုတစ်ခါမှာတော့ မင်းသားချော ဒေါင်းနဲ့မေဂရေ့စ်တို့က “Zero Band”အဖွဲ့က အသစ်ထွက်လာတဲ့ “ဆောင်းတွင်းနွေ”ဆိုတဲ့ Music videoလေးမှာ လိုက်ဖက်ကြည်နူးစွာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ဒေါင်းနဲ့ မေဂရေ့စ်တို့ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Daung