





Source; Thazin Nwe Win
(Unicode)
“မနက်ဖြန်ဆိုတာ မသေချာလို့ ဒီနေ့ကို အေးချမ်းပျော်ရွှင်အောင်နေမယ်”လို့ဆိုလာတဲ့ MCမလေး သဇင်နွယ်ဝင်း
ပရိတ်သတ်တွေ အရမ်းကိုချစ်ကာ အားပေးကြတဲ့ MCမလေး သဇင်နွယ်ဝင်းကတော့ မင်းသမီးတွေ ရှုံးလောက်အောင် လှရက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ရယ်လိုက်ရင် ချစ်စရာကောင်းပြီး ချွန်မြတဲ့ သွားထက်လေးရယ် သွယ်လျလှပတဲ့ ခန္ဒာကိုယ် အချိုးအစားလေးကြောင့်လည်း ပရိတ်သတ်တွေက ပိုလို့ အချစ်ပို နေကြရတာပါ။
ဘက်စုံတော်တဲ့ သူမကတော့ အပြောချိုရုံသာမက အကဘက်မှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက “Dancing with the Stars”ဆိုတဲ့ အစီအစဉ်မှာလည်း ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင် ကခဲ့ပါသေးတယ်။ သူမရဲ့ ပရိတ်သတ်တွေကတော့ အကပိုင်းမှာပါ ထူးချွန်တဲ့ သူမအပေါ် တခဲနက် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ သဇင်က “မနက်ဖြန်ဆိုတာ မသေချာလို့ ဒီနေ့ကို အေးချမ်းအောင်နေမယ် ၊ ပျော်ရွှင်အောင်နေမယ်၊ စိတ်ရှင်းအောင်ထားမယ်၊အကောင်းနဲ့အဆိုးဆိုတာဘဝနဲ့ အရာရာ ဒွန်တွဲနေတတ်လို့ အရာရာကောင်းဖို့ဖြစ်လာတယ်လို့ ခံယူမယ်၊ဘဝမှာ ကြိုးစားခွင့်ရနေသ၍ ကိုယ့်ရဲ့ အကောင်းဆုံး အဖြစ် ကြိုးစားမယ်… ၁၅၀၀ အချစ် ၅၂၈ အချစ် အားလုံးကို တန်ဖိုးထားမယ်…ချစ်မယ်.. နော် ❤️”လို့ဆိုကာ သူမရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။
Source; Thazin Nwe Win