ကြော်ငြာရိုက်ကွင်းမှာ မြန်မာဆန်ဆန်လေးနဲ့ မောင်နဲ့မုန်း





(Unicode)

မောင်နဲ့မုန်းတို့ရဲ့ ကြော်ငြာရိုက်ကွင်းက မြန်မာဆန်ဆန် လိုက်ဖက်နေတဲ့ ပုံရိပ်လေးများ

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ဆိုင်းမိုင်လို့ သိကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ “မိုးကောင်းကင်အိမ်က်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုင်းမိုင်လေးဟာ ဒီဇာတ်လမ်းတွဲလေးကနေ နယ်ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။

အခုတလော မိန်းကလေးပရိတ်သတ်တွေရဲ့ကြားမှာ ရေပန်းစား အောင်မြင်လာတဲ့ မင်းသားချောလေးကတော့ MRTV 4ကနေ ထုတ်လွှင့်ပြသလျှက် ရှိနေတဲ့ “မာယာလှည့်ကွက်”ဇာတ်လမ်းတွဲလေးမှာ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်ထားတဲ့ မင်းဘုန်းမြတ်ပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် မင်းသမီးချော ပိုးကြာဖြူခင် (မုန်း)ဆိုတဲ့ မိန်းကလေးအပေါ် အရမ်းကို ချစ်တဲ့ အချစ်ကြီးသူ “ထူးမြတ်ပိုင်”ဆိုတဲ့ ကာရိုက်တာလေးကနေ ပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ မောင်နဲ့မုန်းက ကြော်ငြာရိုက်ကွင်းတစ်ခုမှာ မြန်မာဆန်ဆန်လေးတွေနဲ့ လိုက်ဖက်နေတာကို တွေ့ရပါတယ်။ နှစ်ယောက်သား လိုက်ဖက်စွာ ယဉ်နေကြတဲ့ ပုံရိပ်လေးတွေကို “မာယာလှည့်ကွက် အလွမ်းပြေ”အနေနဲ့ ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Poe Kyar Phyu Khin

Leave a Reply

Your email address will not be published.