ပရိတ္သတ္ေတြအားလုံးရဲ႕ အသည္းကို ဖမ္းစားထားႏိုင္တဲ့ မင္းသမီးေခ်ာေလး ယြန္းယြန္းဟာ မ်က္စိအေရွ႕တင္ ကေလးသ႐ုပ္ေဆာင္ဘဝေလးကေန အပ်ိဳဖားဖားႀကီးျဖစ္ကာ အလွႀကီးလွလာတာကို ေတြ႕ရပါတယ္။ သူမကို စၿပီး သတိထားမိခဲ့ၾကတာကေတာ့ နက္ေမွာင္ၿပီး ေျဖာင့္ဆင္းတဲ့ ဆံေကသာႀကီးေၾကာင့္ပဲ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ယြန္းယြန္းေလးက ေခတ္နဲ႔အညီ ဆံႏြယ္ရွည္ေတြကို အေရာင္ဆိုးကာ ျဖဴစင္လွပတဲ့ သူမရဲ႕ အသားအရည္နဲ႔ လိုက္ဖက္မႈရွိေနကာ တစ္မ်ိဳးေလး လွေနျပန္ပါတယ္။



အခုေနာက္ပိုင္းမွာေတာ့ ယြန္းက ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို အဆက္မျပတ္ လက္ခံ႐ိုက္ကူးလွ်က္ရွိေနၿပီး အ႐ြယ္နဲ႔မမွ်ေအာင္ အလႉအတန္းေတြကိုလည္း ရက္ေရာစြာ လုပ္ကိုင္လွ်က္ ရွိေနတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ သူမရဲ႕ မိသားစုကိုလည္း အခ်ိန္ေပးကာ အၿမဲလိုလို ေပ်ာ္႐ႊင္ေနတဲ့ ပုံရိပ္ေလးေတြကို ေတြ႕ရပါတယ္။




ခုတစ္ခါမွာေတာ့ ယြန္းေလးက “ေကာ္ဖီေသာက္ရင္ အိပ္မေပ်ာ္ဘူးလား..? ??☕️”လို႔ ေမးကာ သူမရဲ႕ ေကာ္ဖီေဖ်ာ္ေနတဲ့ ပုံေလးကို မွ်ေဝေပးခဲ့ပါတယ္။ ခ်
စ္စရာယြန္းေလးရဲ႕ အလွပုံရိပ္ေလးကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Yoon Yoon
(Unicode)
“ကော်ဖီသောက်ရင် အိပ်မပျော်ဘူးလား..? ??☕️”လို့ မေးလာတဲ့ ခေးလေး ယွန်းယွန်း
ပရိတ်သတ်တွေအားလုံးရဲ့ အသည်းကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချောလေး ယွန်းယွန်းဟာ မျက်စိအရှေ့တင် ကလေးသရုပ်ဆောင်ဘဝလေးကနေ အပျိုဖားဖားကြီးဖြစ်ကာ အလှကြီးလှလာတာကို တွေ့ရပါတယ်။ သူမကို စပြီး သတိထားမိခဲ့ကြတာကတော့ နက်မှောင်ပြီး ဖြောင့်ဆင်းတဲ့ ဆံကေသာကြီးကြောင့်ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ယွန်းယွန်းလေးက ခေတ်နဲ့အညီ ဆံနွယ်ရှည်တွေကို အရောင်ဆိုးကာ ဖြူစင်လှပတဲ့ သူမရဲ့ အသားအရည်နဲ့ လိုက်ဖက်မှုရှိနေကာ တစ်မျိုးလေး လှနေပြန်ပါတယ်။
အခုနောက်ပိုင်းမှာတော့ ယွန်းက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက်ရှိနေပြီး အရွယ်နဲ့မမျှအောင် အလှူအတန်းတွေကိုလည်း ရက်ရောစွာ လုပ်ကိုင်လျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ မိသားစုကိုလည်း အချိန်ပေးကာ အမြဲလိုလို ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ ယွန်းလေးက “ကော်ဖီသောက်ရင် အိပ်မပျော်ဘူးလား..? ??☕️”လို့ မေးကာ သူမရဲ့ ကော်ဖီဖျော်နေတဲ့ ပုံလေးကို မျှဝေပေးခဲ့ပါတယ်။ ချ
စ်စရာယွန်းလေးရဲ့ အလှပုံရိပ်လေးကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Yoon Yoon