



Source; Lwin Moe

(Unicode)

တချိန်တုန်းက “ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်း” ကို အနုပညာ မောင်နှမတွေ သွားရောက်ခဲ့တဲ့ပုံလေး မျှဝေပေးလာတဲ့ မင်းသားကြီး ဦးလွင်မိုး

နိုင်ငံကျော် သရုပ်ဆောင် မင်းသားကြီး ဦးလွင်မိုးကတော့ လက်ရှိမှာ အလှူအတန်းတွေကို ရက်ရောစွာ လှူဒါန်းနေတာကို တွေ့ရပါတယ်။ သူဟာဆိုရင် ချစ်စရာကောင်းပြီး လိမ္မာ လှပတဲ့ သမီးချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာတော့ သမီးအကြီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျကာ သားချောလေး Liamလေးကို မွေးဖွားထားပါတယ်။

အဘိုးဖြစ်သူ ဦးလွင်မိုးကတော့ မြေးချောလေး Liamကိုထိန်းကာ တစ်နေ့တစ်မျိုး မရိုးရတဲ့ videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။ ဒါ့အပြင် ချစ်မိန်းမဖြစ်တဲ့ အန်တီမေသူနဲ့လည်း တစ်ယောက်တစ်လှည့် ကျီစယ်ရင်း ကိုဗစ်ကို ကျော်ဖြတ်နေကြတာကို တွေ့ရပါတယ်။ ခုတစ်ခါမှာတော့ ဦးလွင်မိုးက Covidကြောင့် အိမ်မှာနေရင်း မလုပ်ဖူးတဲ့ အလုပ်တွေလုပ်ဖြစ်နေတယ်လို့ ဆိုကာ သူ့ရဲ့ ဖေ့စဘွတ်ကနေ မျှဝေပေးလာခဲ့ပါတယ်။

ခုတစ်ခါမှာတော့ မင်းသားကြီး ဦးလွင်မိုးက ” တချိန်တုံးက..ကျွန်တော်တို့အနုပညာ..ညီအစ်ကိုမောင်နှမတွေ..ဦးလှထွန်း..ရဲ့ကင်ဆာဖောင်ဒေးရှင်းကိုသွားကျတာပါ..နေ့ရက်တွေတော့မမှတ်မိတော့ပါဘူး…ရုပ်ရှင်အစည်းအရုံးကစီစဉ်တာပါ..ဥက္ကဌ..ဦးစိန်တင်လက်ထက်ကပါ..မှတ်မိနေတာတခုက..အားလုံးမြန်မာဆန်ဆန်ဝတ်စားလာရမယ်ဆိုလို့..အားလုံးကပုံမှာမြင်ရတဲ့အတိုင်း..ညီညွတ်နေကျတာပါ..ကိုသားကြီးတယောက်ပဲ..အစောကြီးကျွန်တော်တို့နဲ့လမ်းခွဲနုတ်ဆက်သွားခဲ့တာပါ..ကျန်တဲ့သူတွေကတော့..နည်းမျိုးစုံနဲ့..ရှင်သန်နေကျရအုံးမှာပါ….”လို့ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Lwin Moe

Leave a Reply

Your email address will not be published.