




(Unicode)

“မြန်မာ ဆန်ဆန် ဝတ်စားဆင်ယင်သည်”လို့ဆိုကာ ကျက်သရေရှိစွာ လှနေတဲ့ ပုံလေးတွေ မျှဝေပေးခဲ့တဲ့ မြတ်ရတနာကျော်

အဆိုတော် ထန်ခေးရဲ့ “ချစ်လွန်းလို့”ဆိုတဲ့ သီချင်းလေးမှာ သရုပ်ဆောင်ရင်းနဲ့ စတင်ပြီး သတိထားမိလာခဲ့တဲ့ TUကျောင်းသူလေး မြတ်ရတနာကျော်ကတော့ ယခုဆိုရင် အဆိုတော် R Boyနဲ့ အိမ်ထောင်ကျကာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါပြီ။ သူမဟာ အိမ်ထောင်ကျပြီးတာတောင် ယခုအထိ အပျိုလေးတစ်ယောက်လို အပြစ်ကင်းစင်ကာ လှနေဆဲပဲ ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် R Boyရဲ့ လိုလေးသေးမရှိ ထောက်ပံ့မှုကြောင့် စိတ်ချမ်းသာကာ အလှတွေ တိုးလာတာလည်း ပါပါတယ်။ ဒါ့အပြင် သူမတို့မိသားစုလေးက အမြဲလိုလို ခရီးတွေထွက်ကာ “Our Travel Diaries”ဆိုတဲ့ Pageလေးမှာ ခရီးသွား Vlogလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ မြတ်က “မြန်မာ ဆန်ဆန် ဝတ်စားဆင်ယင်သည်”လို့ဆိုကာ ကျက်သရေရှိစွာ လှနေတဲ့ ပုံလေးတွေ မျှဝေပေးခဲ့ပါတယ်။ မြတ်ရဲ့ မြန်မာဆန်တဲ့ အလှပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Myat Yadanar Kyaw

Leave a Reply

Your email address will not be published.