



Source; Wai La Ri

(Unicode)

“ဇာတ်ကားထဲမှာသာ မတည့်တာ … 😂 အပြင်မှာ လည်းကြည့်ဦး 😂 “လို့ဆိုကာ ရိုက်ကွင်းပုံရိပ်လေးကို မျှဝေပေးလာတဲ့ ဝေလာရီ

အဆိုတော် ‌လိမ္မော်သီးရဲ့ ညမအငယ်လေးဖြစ်တဲ့ ဝေလာရီကတော့ MRTV4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ‌”မော်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေအပြင် အမဖြစ်သူနဲ့အတူ သီချင်းတွေဆိုကာ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကိုလည်း တွေ့ရပါတယ်။

ခုလတ်တလောမှာတော့ ဝေလာရီက အောက်တိုဘာလ 1ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးအတွက် အလှူတွေလှူရင်းနဲ့ အချိန်တွေကို ကုန်ဆုံးခဲ့ပါတယ်။ စိတ်ထားဖြူစင်ပြီး အလှူအတန်း ရက်ရောတဲ့ မော်လေးကတော့ ပရိတ်သတ်တွေရဲ့ အသည်းစွဲ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

ခုတစ်ခါမှာတော့ မော်လေးက “မမှီဝဲနဲ့ ကင်းအောင်နေ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဆောင်း ဆိုတဲ့ ကောင်မလေးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆောင်းက “မမှီဝဲ Team 🥰🥰ဇာတ်ကားထဲမှာသာ မတည့်တာ … 😂😂😂 အပြင်မှာ လည်းကြည့်ဦး 😂” လို့ဆိုကာ “မမှီဝဲနဲ့ ကင်းအောင်နေ”ဇာတ်လမ်းတွဲလေးထဲက ရိုက်ကွင်းပုံရိပ်လေးကို မျှဝေပေးလာခဲ့ပါတယ်။ ဆောင်းနဲ့ဒိုက်တို့ရဲ့ သရုပ်‌ဆောင်မှုလေးတွေကို အားပေးတဲ့သူတွေ ရှိကြလား ပရိတ်သတ်ကြီးရေ…..။

Source; Wai La Ri

Leave a Reply

Your email address will not be published.