



Source; Moe Yu San

(Unicode)

ကိုယ်ဝန် ၂၃ပတ် ရှိသွားပြီဖြစ်တဲ့ မေမေမိုးယုစံရဲ့ ချစ်စရာပုံရိပ်များ

ပရိတ်သတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ လက်ရှိမှာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပါပြီလို့ သိရပါတယ်။ မင်းသမီးချော မိုးယုစံက “မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဌေ ထီဆိုင်ကြီး”ရဲ့ Missတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

သူမရဲ့ အိမ်ထောင်ရေးဟာဆိုရင် ပရိတ်သတ်တွေ အားကျစရာကောင်းလောက်အောင် သူမအပေါ် အရမ်းချစ်ပေးတဲ့ ယောက်ကျားချောချောလေးနဲ့အတူ သားချောလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ခုတစ်ခါမှာတော့ သူမဟာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ကာ နောက်ထပ်သားလေးတစ်ယောက်လို့လည်း သိရပါတယ်။ သားနှစ်ယောက်နဲ့ မိခင် ဖြစ်တော့မှာမလို့ သူမရဲ့မိသားစုနဲ့အတူ သားလေးကိုကြိုဆိုတဲ့ ပွဲလေးကို လုပ်ဖြစ်ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ မင်းသမီးချောလေး မိုးယုစံက
“ရိုက်ထားပီး ခုမှတင်ဖြစ်တော့တယ် ကိုဗစ်ကာလမှာ အပြင်မထွက်ရ ခရီးမသွားရဆိုတော့ Facebook လေး အသက်မဲ့နေမှာစိုးလို့ ထွက်တုန်းရိုက်ထားတာလေးတွေဖြည်းဖြည်းတင်မယ်နော်❤️❤️❤️”လို့ဆိုကာ ကိုယ်ဝန် ၂၃ပတ် ရှိသွားပြီဖြစ်တဲ့ အကြောင်းလေးကို သူမရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့တကွ ချစ်ပရိတ်သတ်တွေဆီကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Moe Yu San

Leave a Reply

Your email address will not be published.