



Source; Lwin Moe

(Unicode)

မိသားစုတွေ စားဖို့အတွက် အိမ်မှာ အမျိုးမျိုး လက်စွမ်းပြကာ ချက်ပြုတ်နေတဲ့ မင်းသားကြီး ဦးလွင်မိုး

နိုင်ငံကျော် သရုပ်ဆောင် မင်းသားကြီး ဦးလွင်မိုးကတော့ လက်ရှိမှာ အလှူအတန်းတွေကို ရက်ရောစွာ လှူဒါန်းနေတာကို တွေ့ရပါတယ်။ သူဟာဆိုရင် ချစ်စရာကောင်းပြီး လိမ္မာ လှပတဲ့ သမီးချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာတော့ သမီးအကြီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျကာ သားချောလေး Liamလေးကို မွေးဖွားထားပါတယ်။

အဘိုးဖြစ်သူ ဦးလွင်မိုးကတော့ မြေးချောလေး Liamကိုထိန်းကာ တစ်နေ့တစ်မျိုး မရိုးရတဲ့ videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။ ဒါ့အပြင် ချစ်မိန်းမဖြစ်တဲ့ အန်တီမေသူနဲ့လည်း တစ်ယောက်တစ်လှည့် ကျီစယ်ရင်း ကိုဗစ်ကို ကျော်ဖြတ်နေကြတာကို တွေ့ရပါတယ်။ ခုတစ်ခါမှာတော့ ဦးလွင်မိုးက Covidကြောင့် အိမ်မှာနေရင်း မလုပ်ဖူးတဲ့ အလုပ်တွေလုပ်ဖြစ်နေတယ်လို့ ဆိုကာ သူ့ရဲ့ ဖေ့စဘွတ်ကနေ မျှဝေပေးလာခဲ့ပါတယ်။

ခုရက်ထဲမှာ မင်းသားကြီး ဦးလွင်မိုးက မိသားစုတွေ စားဖို့အတွက် အိမ်မှာ အမျိုးမျိုး လက်စွမ်းပြကာ ချက်ပြုတ်နေတဲ့ ပုံရိပ်တစ်ချို့ကို မျှဝေပေးလာခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်းသာမက အချက်အပြုတ်ပါ ကျွမ်းကျင်တဲ့ မင်းသားကြီး ဦးလွင်မိုးရဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Lwin Moe

Leave a Reply

Your email address will not be published.