






Source; Paing Ta Khon
(Unicode)
သူ့ရဲ့ဇာတာက လူပျိုကြီးဖြစ်နိုင်ချေများနေတယ် လို့ ပြောပြလာခဲ့တဲ့ မင်းသားချော ပိုင်တံခွန်
မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံထိပါ နာမည်ကျော်ကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့သူကတော့ မော်ဒယ် မင်းသားချော ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ မင်းသားချော ပိုင်တံခွန်က သူ့ကိုယ်သူ တံခွန်ကလို့ သုံးနှုန်းကာ စကားပြောလေ့ ရှိပါတယ်။ အမြဲလိုလို သူနဲ့လိုက်ဖက်တဲ့ ဆံပင်ရှည်လေးကိုထားကာ အမိုက်စားပုံရိပ်လေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။
အရပ်ရှည်ကာ သွယ်လျပြီး တောင့်တင်းတဲ့ ခန္ဒာကိုယ်၊ တက်တူးအမိုက်စားတွေကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်စေခဲ့ပါတယ်။ သိပ်မကြာသေးခင်ကလည်း သူရဲ့ မိဘတွေကို တိုက်နဲ့ကားတွေ ဝယ်ပေးကာ မိဘတွေရော ပရိတ်သတ်တွေရော မျက်ရည်ကျရလောက်တဲ့အထိ Surpriseတိုက်ခဲ့ပါသေးတယ်။ ဒီလို လိမ္မာယဉ်ကျေး စိတ်ထားကောင်းတဲ့ သူကိုရတဲ့ မိဘတွေကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်နော်။
ခုတစ်ခါမှာတော့ တံခွန်က “ဇာတာက လူပျိုကြီးဖြစ်နိုင်ချေများနေတယ် ကတ်ထဲငွေထည့်လိုက် ခွေးလေးတွေ ကြောင်လေး တွေအတွက် အဝတ်အစားဝယ်လိုက်နဲ့ ရှာသမျှ ဘယ်မိန်းမက သည်းခံနိုင်မလဲ”လို့ဆိုကာ သူ့ရဲ့ လူပျိုကြီးဇာတာအကြောင်းလေးကို ဟာသအနေနဲ့ ပြောပြလာခဲ့ပါတယ်။ ကဲ လူပျိုကြီးရဲ့ ချစ်ပရိတ်သတ်တွေရေ တံခွန် လူပျိုကြီး လုပ်မယ် ဆိုရင် သဘောတူကြမှာလား….??။
Source; Paing Ta Khon