



Source; Shwe Thamee

(Unicode)

မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ကျက်သရေရှိပြီး အေးချမ်းတဲ့ အလှမျိုးလေးနဲ့ တွေ့ရတဲ့ ရွှေရွှေ

ကုလားစင်မျက်နှာပေါက်လေးနဲ့ မျက်လုံး မျက်ခုံးလေးတွေ အရမ်းလှတဲ့ မင်းသမီးချောလေး ရွှေသမီးကတော့ ပရိတ်သတ်တွေ အထူးချစ်ခင် အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ရွှေရွှေလေးလို့ ခေါ်ကြပါတယ်။ လက်ရှိမှာတော့ ရွှေရွှေလေးက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက် ရှိနေပါတယ်။

ရွှေရွှေရဲ့ အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ “ရှေ့သွား နောက်လိုက်၊ သခင်ကြီးနဲ့ ငါးပိရည် တို့စရာ၊ တောက်ချလိုက်မယ်နဲ့ ချည်” တို့ပဲ ဖြစ်ပါတယ်။ ရွှေရွှေက သူမရဲ့ ပရိတ်သတ်တွေအပေါ်ကိုလည်း အမြဲလိုလို ဖော်ရွေကာ ကြင်နာတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Puppyလေးတွေကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ရွှေရွှေက “Morning ????
မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေလို့ ရွှေကဆုတောင်းပေးပါတယ်ရှင့် ?ငြိမ်းချမ်းပျော်ရွှင်ခြင်းက ချစ်ခြင်းမေတ္တာ နားလည်မှုဆိုတဲ့အရာတွေကနေ စတယ်လို့ ရွှေကဆိုချင်ပါတယ် ❤️အဲ့အရာတွေကိုရွှေရဲ့မိသားစုနဲ့ ခုရွှေ့ရဲ့စာလေးကိုဖတ်နေတဲ့သူတွေဆီက ရနေပါတယ်ဆိုတာကို ယုံကြည်လိုက်ပါ?(ရွှေ့ကို မချစ်ရင်စာတောင်ဖတ်မှာမဟုတ်ဘူးလေနော် ကျော်သွားမှာပေါ့နော်☺️☺️)ရွှေကလဲ အရမ်းချစ် ရွှေဘယ်လိုဘဲနေနေ ဘယ်လိုဘဲဖြစ်ဖြစ် ချစ်ပေးနေကြလို့ ကျေးဇူးပါ”လို့ဆိုကာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ကျက်သရေရှိပြီး အေးချမ်းတဲ့ အလှမျိုးလေးနဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Shwe Thamee

Leave a Reply

Your email address will not be published.