“ရင်ထဲက ဒဏ်ရာတွေကို ဖုံးချင်လို့ အမြဲပြုံးနေခဲ့တာပါ”လို့ဆိုလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင်

နာမည်‌ဆန်းဆန်းပြားပြားလေးနဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေတဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ယခုလက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ခေးဟာဆိုရင် MRTV 4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အဓိက ဇာတ်ကောင်နေရာကနေ စတင်ပြီး သရုပ်ဆောင်ကာ အနုပညာလမ်းအပေါ် စတင်လျှောက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခေးက ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်ဆိုသလို လက်ခံ ရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ခေးက မြန်မာအက၊ နိုင်ငံခြားအကတွေကိုလည်း ပိုင်နိုင်စွာ ကတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ COVID ကာလအတွင်း အိမ်မှာ Stay Homeနေရင်းနဲ့ Tiktokဆော့ကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုမိုရယူထားနိုင်တာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ခေးက “ဘာလို့အမြဲပြုံးနေတာလဲလို့
မေးကြတယ်???ရင်ထဲက ဒဏ်ရာတွေကို ဖုံးချင်လို့ပါလို့ ဘယ်တုန်းကမှမဖြေခဲ့မိဘူး?”လို့ဆိုကာ သူမရဲ့ ရင်တွင်းစကားလေးတွေကို ပြောလာခဲ့ပါတယ်။ မင်းသမီးချော ခေးတစ်ယောက် ဘာတွေများ စိတ်ညစ်စရာ ရှိနေလဲ မသိဘူးနော် ပရိတ်သတ်ကြီးရေ။

Source; Khay Set Thwin

(Unicode)

“ရင့်ကျက်လာတဲ့အခါ တစ်ယောက်တည်းလဲ နေတက်လာတယ်”လို့ဆိုကာ ပုဆိုးလေးနဲ့ ပုံလေးတွေ မျှဝေပေးလာတဲ့ မင်းသားချော ထူးအောင်

လတ်တလောမှာ မိန်းကလေး ပရိတ်သတ်တွေ အရမ်း အားပေးခြင်းကို ခံနေရတဲ့ သူကတော့ တောင့်ဖြောင့်တဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်ကျတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် နာမည်ကြီးအောင်မြင်လာခဲ့တဲ့ မင်းသားချော ထူးအောင်ပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်ဘဝကနေ အနုပညာလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းလာခဲ့ပြီး ယခုဆိုရင် အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။

မင်းသားချော ထူးအောင်ရဲ့ အောင်မြင်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ “Lady Boy”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်တာကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ အသိအမှတ်ပြု အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ မင်းသားချော ထူးအောင်က ကြော်ငြာရိုက်ကူးရေးတွေက လက်ခံရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ လှုပ်ရှားမှု ပုံရိပ်တိုင်းကိုလည်း အမြဲလိုလို လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေပေးလေ့ ရှိပါတယ်။ ခုတစ်ခါမှာတော့ မင်းသားချော ထူးအောင်က “ရင့်ကျက်လာတဲ့အခါ တစ်ယောက်တည်းလဲ နေတက်လာတယ်”လို့ဆိုကာ ပုဆိုးလေးနဲ့ ပုံလေးတွေ မျှဝေပေးလာခဲ့ပါတယ်။

Source; Htoo Aung

Leave a Reply

Your email address will not be published.