နာမည္ေက်ာ္ ေတးသံရွင္ အဆိုေတာ္ေ႐ႊထူးကေတာ့ အသည္းကြဲ အေဆြးသီခ်င္းေကာင္းေလးေတြကို ကိုယ္တိုင္ဖန္တီး သီဆိုတတ္တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ သီခ်င္းေအးေအးေလးေတြဟာ ပရိတ္သတ္ေတြရဲ႕ ခံစားခ်က္နဲ႔ ထပ္တူက်ကာ အထူးအားေပးျခင္းကိုလည္း ရရွိပိုင္ဆိုင္ထားပါတယ္။



ဒါ့အျပင္ လက္ရွိမွာလည္း သီခ်င္းေကာင္းေလးေတြအသစ္ထြက္လာဖို႔အတြက္ ဆက္လက္ဖန္တီးလွ်က္ ရွိေနပါတယ္။ အဆိုေတာ္ ေ႐ႊထူးဟာ အဆိုပိုင္းမွာသာမက သ႐ုပ္ေဆာင္ဘက္ကိုပါ ေျခလွမ္းစကာ ယခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ႐ိုက္ကူးထားလွ်က္ ရွိေနတာကို ေတြ႕ရပါတယ္။ ပရိတ္သတ္ေတြရဲ႕ အသည္းစြဲ မင္းသမီးေခ်ာေလး ေ႐ႊမႈန္ရတီနဲ႔လည္း အိမ္ေထာင္က်ကာ သာယာလွပတဲ့ ဘဝေလးတစ္ခုနဲ႔ ေနသားက်ေနတာကို ေတြ႕ရပါတယ္။




အၿမဲလိုလို ခ်စ္ဇနီးေလး ေ႐ႊမႈန္ကို ဂ႐ုစိုက္ အလိုလိုက္ကာ ဓာတ္ပုံလွလွေလးေတြ ႐ိုက္ေပးတတ္တဲ့ ေ႐ႊထူးက ယခုအခါမွာေတာ့ “ကြၽန္ေတာ့္ျမင္လား အျဖဴေရာင္ေလးဝတ္ထားတယ္ ?”လို႔စေနာက္ကာ ခ်စ္ဇနီးေလးနဲ႔ မုန႔္စားေနတဲ့ ပုံရိပ္ေလးကို မွ်ေဝေပးလာခဲ့ပါတယ္။ ေ႐ႊမင္းသမီးနဲ႔ ကိုလူၾကမ္းတို႔ရဲ႕ ပုံရိပ္ေလးကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Shwe Htoo
(Unicode)
“ကျွန်တော့်မြင်လား အဖြူရောင်လေးဝတ်ထားတယ် ?”လို့စနောက်ကာ ချစ်ဇနီးလေးနဲ့ မုန့်စားနေတဲ့ ပုံရိပ်လေးကို မျှဝေပေးလာတဲ့ အဆိုတော်ရွှေထူး
နာမည်ကျော် တေးသံရှင် အဆိုတော်ရွှေထူးကတော့ အသည်းကွဲ အဆွေးသီချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီး သီဆိုတတ်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းအေးအေးလေးတွေဟာ ပရိတ်သတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျကာ အထူးအားပေးခြင်းကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း သီချင်းကောင်းလေးတွေအသစ်ထွက်လာဖို့အတွက် ဆက်လက်ဖန်တီးလျှက် ရှိနေပါတယ်။ အဆိုတော် ရွှေထူးဟာ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ဘက်ကိုပါ ခြေလှမ်းစကာ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားလျှက် ရှိနေတာကို တွေ့ရပါတယ်။ ပရိတ်သတ်တွေရဲ့ အသည်းစွဲ မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့လည်း အိမ်ထောင်ကျကာ သာယာလှပတဲ့ ဘဝလေးတစ်ခုနဲ့ နေသားကျနေတာကို တွေ့ရပါတယ်။
အမြဲလိုလို ချစ်ဇနီးလေး ရွှေမှုန်ကို ဂရုစိုက် အလိုလိုက်ကာ ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးတတ်တဲ့ ရွှေထူးက ယခုအခါမှာတော့ “ကျွန်တော့်မြင်လား အဖြူရောင်လေးဝတ်ထားတယ် ?”လို့စနောက်ကာ ချစ်ဇနီးလေးနဲ့ မုန့်စားနေတဲ့ ပုံရိပ်လေးကို မျှဝေပေးလာခဲ့ပါတယ်။ ရွှေမင်းသမီးနဲ့ ကိုလူကြမ်းတို့ရဲ့ ပုံရိပ်လေးကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Shwe Htoo