







Source; Kaung Myat San
(Unicode)
“ကိုယ်ဘာမဆို ရင်ဆိုင်ရဲဖို့ဆိုတာ အနောက်ကိုလှည့်ကြည့်တိုင်း မင်းရှိနေဖို့လိုတယ် ချစ်သူ ?”လို့ဆိုလာတဲ့ ကောင်းမြတ်စံ
MRTV 4ရဲ့ ဇာတ်လမ်းတွဲမင်းသားချောလေး ကောင်းမြတ်စံကတော့ “အမုန်းမှသည်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲလေးမှာ သူက “ကိုးလ်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ လိုက်ဖက်ပီပြင်စွာ သရုပ်ဆောင်ထားလျှက် ရှိပါတယ်။
“အမုန်းမှသည်”ဇာတ်လမ်းတွဲလေးဟာ ယခုလက်ရှိမှာ MRTV 4ကနေ ပြန်လည်ထုတ်လွှင့်ပြသလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် မင်းသားချော ကောင်းမြတ်စံရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ “အမုန်းမှသည်၊နှလုံးသားနှင့်အနီးဆုံး၊ ချစ်ခြင်းတရားတို့ ရှိရာ”စသည်တို့ ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားချော မြင့်မြတ်နဲ့ တွဲဖက်ပြီး “ရိုးမပေါ်ကျတဲ့ မျက်ရည်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ကျောင်းဆရာလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။
ခုတစ်ခါမှာတော့ မင်းသားချော ကောင်းမြတ်စံက “ကိုယ်ဘာမဆို ရင်ဆိုင်ရဲဖို့ဆိုတာ အနောက်ကိုလှည့်ကြည့်တိုင်း မင်းရှိနေဖို့လိုတယ် ချစ်သူ ?”လို့ဆိုကာ မိမိုက်ကာ အထာကျနေတဲ့ ပုံရိပ်လေးကို မျှဝေပေးခဲ့ပါတယ်။ ကဲ ကိုးလ်လေးရဲ့ ချစ်သူဖြစ်ဖို့ဆိုရင်တော့ သူလှည့်ကြည့်လိုက်တိုင်း သူ့အနားမှာ အမြဲ ရှိနေဖို့တော့ လိုပါလိမ့်မယ်နော် ပရိတ်သတ်ကြီးရေ။
Source; Kaung Myat San