MRTV 4ရဲ႕ မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ ပိုးၾကာျဖဴခင္ကေတာ့ ပရိတ္သတ္အခိုင္အမာ ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမကို အားလုံးက ဆိုင္းမိုင္လို႔ သိၾကပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူမရဲ႕ ပထမဆုံး ေအာင္ျမင္ခဲ့တဲ့ “မိုးေကာင္းကင္အိမ္က္” ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ သူမက ဆိုင္းမိုင္ဆိုတဲ့ ကာ႐ိုက္တာေလးကေန စတင္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဆိုင္းမိုင္ေလးဟာ ဒီဇာတ္လမ္းတြဲေလးကေန နယ္ပရိတ္သတ္ေတြရဲ႕ အထူး အားေပးမႈကို ရရွိခဲ့တာပါ။




ေအာင္ျမင္လာတာနဲ႔အမွ် မင္းသမီးေခ်ာ ပိုးၾကာျဖဴခင္ဟာ နယ္က ပြဲေတြမွာ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြကို ဆက္တိုက္ဆိုသလို လုပ္ေဆာင္ခဲ့ရပါတယ္။ ခုလတ္တေလာမွာေတာ့ ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို ဦးစားေပး လုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္။ မၾကာေသးခင္ကမွလည္း “ေအာင္ေျမေစတနာ အိမ္ၿခံေျမအက်ိဳးေဆာင္” ေၾကာ္ျငာေလးကို ႐ိုက္ကူးၿပီးစီးခဲ့ပါတယ္။ ျမန္မာဖက္ရွင္ေလးေတြနဲ႔ လိုက္ဖက္လြန္းတဲ့ ဆိုင္းမိုင္ေလးဟာ ျမန္မာဝတ္စုံေၾကာ္ျငာေလးေတြ မွာလည္း အၿမဲေတြ႕ရပါတယ္။





ခုတစ္ခါမွာေတာ့ ပိုးၾကာျဖဴခင္က “မာယာလွည့္ကြက္ ၿပီးပါၿပီ အားလုံးကိုေက်းဇူးအမ်ားႀကီး တင္ပါတယ္ရွင္ ❤️”လို႔ဆိုကာ ႏႈတ္ဆက္စကား ေျပာလာရင္းနဲ႔ group photoေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ မာယာလွည့္ကြက္ ၾကည့္ေနၾကတဲ့ ပရိတ္သတ္ေတြေတာ့ မုန္းေလးတို႔ကို လြမ္းက်န္ရစ္ခဲ့ေတာ့မွာပဲေနာ္။
Source; Poe Kyar Phyu Khin
(Unicode)
“မာယာလှည့်ကွက် ပြီးပါပြီ အားလုံးကိုကျေးဇူးအများကြီး တင်ပါတယ်ရှင် ❤️”လို့ဆိုကာ နှုတ်ဆက်စကား ပြောလာတဲ့ မုန်း
MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ဆိုင်းမိုင်လို့ သိကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ “မိုးကောင်းကင်အိမ်က်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုင်းမိုင်လေးဟာ ဒီဇာတ်လမ်းတွဲလေးကနေ နယ်ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။
အောင်မြင်လာတာနဲ့အမျှ မင်းသမီးချော ပိုးကြာဖြူခင်ဟာ နယ်က ပွဲတွေမှာ ဖျော်ဖြေရေး အစီအစဉ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ရပါတယ်။ ခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို ဦးစားပေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မကြာသေးခင်ကမှလည်း “အောင်မြေစေတနာ အိမ်ခြံမြေအကျိုးဆောင်” ကြော်ငြာလေးကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ မြန်မာဖက်ရှင်လေးတွေနဲ့ လိုက်ဖက်လွန်းတဲ့ ဆိုင်းမိုင်လေးဟာ မြန်မာဝတ်စုံကြော်ငြာလေးတွေ မှာလည်း အမြဲတွေ့ရပါတယ်။
ခုတစ်ခါမှာတော့ ပိုးကြာဖြူခင်က “မာယာလှည့်ကွက် ပြီးပါပြီ အားလုံးကိုကျေးဇူးအများကြီး တင်ပါတယ်ရှင် ❤️”လို့ဆိုကာ နှုတ်ဆက်စကား ပြောလာရင်းနဲ့ group photoလေးတွေကို မျှဝေပေးခဲ့ပါတယ်။ မာယာလှည့်ကွက် ကြည့်နေကြတဲ့ ပရိတ်သတ်တွေတော့ မုန်းလေးတို့ကို လွမ်းကျန်ရစ်ခဲ့တော့မှာပဲနော်။
Source; Poe Kyar Phyu Khin