ပိန္သြယ္လွပတဲ့ ခႏၵာကိုယ္ေလးကို ပိုင္ဆိုင္ထားတဲ့ ေမာ္ဒယ္အိန္ဂ်ယ္လမုန္ကေတာ့ လက္ရွိမွာ ပရိတ္သတ္အခိုင္အမာ ရရွိထားတဲ့ ေမာ္ဒယ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမကိုသူမ “အားေရွာင္”လို႔သုံးကာ အၿမဲလိုလို ေျပာေလ့ ရွိပါတယ္။ အားေရွာင္က “Puppy”ေလးေတြကို အရမ္းခ်စ္တတ္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။



လက္ရွိမွာေတာ့ သူမက အဆိုေတာ္ Oasixနဲ႔ တြဲဖက္ၿပီး “ခ်စ္မိေတာ့ ရႈံး”ဆိုတဲ့ အသည္းကြဲအလြမ္းအေဆြး Music Videoေလး ထြက္ရွိထားပါတယ္။ ဒါ့အျပင္ Tiktokအကမ်ိဳးစုံကိုလည္း ကြၽမ္းက်င္စြာ ေဆာ့ႏိုင္ၿပီး ပရိတ္သတ္ေတြရဲ႕ အထူးအားေပးမႈကို ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမရဲ႕ ခ်စ္ပရိတ္သတ္ေတြအတြက္လည္း အၿမဲလိုလို ခရီးသြား ပုံရိပ္ေတြကို မွ်ေဝေပးေလ့ ရွိပါတယ္။




ခုတစ္ခါမွာေတာ့ အိန္ဂ်ယ္က “ထပ္ပီးေပးရလည္း အရင္လို အနီပဲေပးျဖစ္မယ္ ❣️”လို႔ဆိုကာ အေမစုပုံေလးနဲ႔ဟူဒီေလးကို ဝတ္ကာ အမိုက္စားပုံရိပ္ေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ ကဲ ခ်စ္ပရိတ္သတ္ႀကီးေရာ အိန္ဂ်ယ္ေလးနဲ႔ စိတ္တူကိုယ္တူ ရွိၾကရဲ႕လား ေျဖခဲ့ပါအုံးေနာ္။
Source; Angel Lamung
(Unicode)
“ထပ်ပီးပေးရလည်း အရင်လို အနီပဲပေးဖြစ်မယ် ❣️”လို့ဆိုလာတဲ့ အိန်ဂျယ်လမုန်
ပိန်သွယ်လှပတဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်အိန်ဂျယ်လမုန်ကတော့ လက်ရှိမှာ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကိုသူမ “အားရှောင်”လို့သုံးကာ အမြဲလိုလို ပြောလေ့ ရှိပါတယ်။ အားရှောင်က “Puppy”လေးတွေကို အရမ်းချစ်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူမက အဆိုတော် Oasixနဲ့ တွဲဖက်ပြီး “ချစ်မိတော့ ရှုံး”ဆိုတဲ့ အသည်းကွဲအလွမ်းအဆွေး Music Videoလေး ထွက်ရှိထားပါတယ်။ ဒါ့အပြင် Tiktokအကမျိုးစုံကိုလည်း ကျွမ်းကျင်စွာ ဆော့နိုင်ပြီး ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက်လည်း အမြဲလိုလို ခရီးသွား ပုံရိပ်တွေကို မျှဝေပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ အိန်ဂျယ်က “ထပ်ပီးပေးရလည်း အရင်လို အနီပဲပေးဖြစ်မယ် ❣️”လို့ဆိုကာ အမေစုပုံလေးနဲ့ဟူဒီလေးကို ဝတ်ကာ အမိုက်စားပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ကဲ ချစ်ပရိတ်သတ်ကြီးရော အိန်ဂျယ်လေးနဲ့ စိတ်တူကိုယ်တူ ရှိကြရဲ့လား ဖြေခဲ့ပါအုံးနော်။
Source; Angel Lamung