



Source; Naw Phaw Eh Hta

(Unicode)

“အချစ်စစ်ရှိရာ အရပ်မှာဘဲ နေပါမည် ??”လို့ဆိုကာ ရင်ခုန်စရာကောင်းအောင် လှပလွန်းနေတဲ့ ပုံရိပ်လေးတွေ မျှဝေပေးလာတဲ့ နော်ဖော

ကြော်ငြာမော်ဒယ်လေးဘဝကနေ အနုပညာအလုပ်တွေကို စတင်လုပ်လာခဲ့တဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ ယခုအခါမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ နော်ဖောဟာဆိုရင် “ပျောက်ဆုံးနေသော အမှန်တရား” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရဲမလေး သုဒြာအဖြစ်နဲ့ ပီပြင်စွာ သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ မြန်မာအိုင်ဒေါက ပြိုင်ပွဲဝင် အဆိုတော် ဘတ်ဂျမင်ဆန်းရဲ့ “ဟိုဘက်အိမ်က ကောင်မလေး”ဆိုတဲ့ သီချင်းမြူးမြူးလေးမှာလည်း ပါဝင်ကာ သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ မြူးကြွတဲ့ သီချင်းလေးကို အေးမြတဲ့အသံပိုင်ရှင်လေးနဲ့ ချစ်စရာကောင်းတဲ့ နော်ဖောလေးရဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။

ခုတစ်ခါမှာတော့ နော်ဖောလေးက “အချစ်စစ်ရှိရာ အရပ်မှာဘဲ နေပါမည် ??”လို့ဆိုကာ ရင်ခုန်စရာကောင်းအောင် လှပလွန်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ဆွဲဆောင်မှုအပြည့်နဲ့ နော်ဖောလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Naw Phaw Eh Hta

Leave a Reply

Your email address will not be published.