“အလိမ္မာ အိမ်မှာ နေသော ပုံလေးတွေပါ 🏡”လို့ဆိုတဲ့ သဇင်နွယ်ဝင်း




Source; Thazin Nwe Win

(Unicode)

“အလိမ္မာ အိမ်မှာ နေသော ပုံလေးတွေပါ 🏡”လို့ဆိုကာ ချစ်စရာကောင်းတဲ့ အိမ်နေရင်းပုံလေးတွေ မျှဝေပေးလာတဲ့ သဇင်နွယ်ဝင်း

ပရိတ်သတ်တွေ အရမ်းကိုချစ်ကာ အားပေးကြတဲ့ MCမလေး သဇင်နွယ်ဝင်းကတော့ မင်းသမီးတွေ ရှုံးလောက်အောင် လှရက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ရယ်လိုက်ရင် ချစ်စရာကောင်းပြီး ချွန်မြတဲ့ သွားထက်လေးရယ် သွယ်လျလှပတဲ့ ခန္ဒာကိုယ် အချိုးအစားလေးကြောင့်လည်း ပရိတ်သတ်တွေက ပိုလို့ အချစ်ပို နေကြရတာပါ။

ဘက်စုံတော်တဲ့ သူမကတော့ အပြောချိုရုံသာမက အကဘက်မှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက “Dancing with the Stars”ဆိုတဲ့ အစီအစဉ်မှာလည်း ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင် ကခဲ့ပါသေးတယ်။ သူမရဲ့ ပရိတ်သတ်တွေကတော့ အကပိုင်းမှာပါ ထူးချွန်တဲ့ သူမအပေါ် တခဲနက် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ သဇင်က “အလိမ္မာ အိမ်မှာ နေသော ပုံလေးတွေပါ 🏡”လို့ဆိုကာ ချစ်စရာကောင်းတဲ့ အိမ်နေရင်းပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ အိမ်နေရင်းတောင် လှနေတဲ့ သဇင်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Thazin Nwe Win

Leave a Reply

Your email address will not be published.