








Source; Ah Boy
(Unicode)
ရက်ပေါင်း 1500ပြည့်တဲ့ နေ့လေးအတွက် ကြည်နူးစရာ အမှတ်တရစကားလေးနဲ့ပုံရိပ်လေးတွေ မျှဝေပေးခဲ့တဲ့ အဆိုတော်Ah Boy
အဆိုတော် ထန်ခေးရဲ့ “ချစ်လွန်းလို့”ဆိုတဲ့ သီချင်းလေးမှာ သရုပ်ဆောင်ရင်းနဲ့ စတင်ပြီး သတိထားမိလာခဲ့တဲ့ TUကျောင်းသူလေး မြတ်ရတနာကျော်ကတော့ ယခုဆိုရင် အဆိုတော် R Boyနဲ့ အိမ်ထောင်ကျကာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါပြီ။ အဆိုတော် Ah Boyကတော့ မကြာသေးခင်ကမှ အဆိုတော် ချမ်းမြေ့မောင်ချိုနဲ့ “အငွေ့အသက်များ”ဆိုတဲ့ သီချင်းကောင်းလေးတစ်ခု ထွက်ရှိခဲ့ပါတယ်။
ခုလတ်တလောမှာတော့ အဆိုတော် Keyနဲ့ တွဲဖက်ပြီး “ကျေးကျွန်”ဆိုတဲ့ သီချင်းကောင်းလေးတစ်ပုဒ်လည်း ထွက်ရှိထားပါတယ်။ ဒါ့အပြင် သူတို့မိသားစုလေးက အမြဲလိုလို ခရီးတွေထွက်ကာ “Our Travel Diaries”ဆိုတဲ့ Pageလေးမှာ ခရီးသွား Vlogလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ Ah Boyက ရက်ပေါင်း 1500ပြည့်တဲ့ နေ့လေးအတွက် ကြည်နူးစရာ အမှတ်တရစကားလေးနဲ့ပုံရိပ်လေးတွေ မျှဝေပေးခဲ့ပါတယ်။ Ah Boyက ” ❤️ 1500 Days ❤️သူမတစ်ယောက်တည်းကို မြတ်မြတ်နိုးနိုးနဲ့ ချစ်လာခဲ့တာ ဒီနေ့မှာ ရက်ပေါင်း ၁၅၀၀ ရှိလာခဲ့ပါပြီ။ အရာရာကို နားလည်မှုတွေနဲ့ ပျော်ရွှင်စရာနေ့ရက်ပေါင်း ၁၅၀၀ ဖြစ်အောင်လည်း ဖန်တီးပေးခဲ့တဲ့အတွက် ကျေးဇူးအထူးပါ မိန်းမရေ”လို့ဆိုကာ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။
Source; Ah Boy