



Source; May Toe Khaing

(Unicode)

“နှစ်နှစ်ဆက်တိုက် Novemberဆို တောင်ကြီးမီးပုံးပွဲမှာရှိခဲ့တယ် ဒီနှစ်လည်းကျိန်းသေ သွားမယ်လုပ်ထားခဲ့တာ” လို့ဆိုကာ ပုံတွေတင်ပြီး အလွမ်းဖြေခဲ့တဲ့ မေတိုးခိုင်

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချော အူဝဲရဲ့ တူမအရင်းလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ အကယ်ဒမီရွှေကြိုပွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြော်ငြာရိုက်ကူးရေးတွေအပြင် သရုပ်ဆောင်ဘက်ကိုပါ လုပ်ဆောင်လာခဲ့ကာ အခုဆိုရင်တော့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။

မင်းသမီးချောလေး မေတိုးခိုင်ရဲ့ အိမ်ခေါ်နာမည်လေးကတော့ ဖူးပါ။ လတ်တလောမှာတော့ ဖူးက တေးသံရှင် AR-Tရဲ့ Music videoထဲမှာ Fan Girl တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားခဲ့ပါတယ်။ ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ နေတတ်တဲ့ ဖူးကတော့ အမြဲလိုလို လန်းဆန်းတက်ကြွနေတာကို မြင်ရပါတယ်။

ခုတစ်ခါမှာတော့ ဖူးက “နှစ်နှစ်ဆက်တိုက် November ဆို တောင်ကြီး မီးပုံးပွဲမှာရှိခဲ့တယ် ဒီနှစ်လည်းကျိန်းသေ သွားမယ်လုပ်ထားခဲ့တာ မသိဘူး ပုံတွေတင်ပြီး အလွမ်းဖြေမယ် 🥺🥺”လို့ဆိုကာ သူမရဲ့ တောင်ကြီးမီးပုံပျံပွဲက ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ဖူးဖူးရဲ့ လွမ်းစရာ အမှတ်တရပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလ်ုကပါတယ်နော်။

Source; May Toe Khaing

Leave a Reply

Your email address will not be published.