“တခ်ိန္အိမ္ေထာင္ဦးစီးလုပ္ရမွာဆိုေတာ့ အခုတည္းက ဝယ္တတ္ ျခမ္းတတ္ေအာင္ လုပ္ထားမွ ?”လို႔ဆိုလာတဲ့ ပိုင္တံခြန္

ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံထိပါ နာမည္ေက်ာ္ကာ ပရိတ္သတ္ေတြရဲ႕ အခ်စ္ကို ရရွိပိုင္ဆိုင္ထားတဲ့သူကေတာ့ ေမာ္ဒယ္ မင္းသားေခ်ာ ပိုင္တံခြန္ပဲ ျဖစ္ပါတယ္။ မင္းသားေခ်ာ ပိုင္တံခြန္က သူ႔ကိုယ္သူ တံခြန္ကလို႔ သုံးႏႈန္းကာ စကားေျပာေလ့ ရွိပါတယ္။ အၿမဲလိုလို သူနဲ႔လိုက္ဖက္တဲ့ ဆံပင္ရွည္ေလးကိုထားကာ အမိုက္စားပုံရိပ္ေလးေတြကို မွ်ေဝေပးေလ့ ရွိပါတယ္။

အရပ္ရွည္ကာ သြယ္လ်ၿပီး ေတာင့္တင္းတဲ့ ခႏၵာကိုယ္၊ တက္တူးအမိုက္စားေတြကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ျဖစ္ေစခဲ့ပါတယ္။ သိပ္မၾကာေသးခင္ကလည္း သူရဲ႕ မိဘေတြကို တိုက္နဲ႔ကားေတြ ဝယ္ေပးကာ မိဘေတြေရာ ပရိတ္သတ္ေတြေရာ မ်က္ရည္က်ရေလာက္တဲ့အထိ Surpriseတိုက္ခဲ့ပါေသးတယ္။ ဒီလို လိမၼာယဥ္ေက်း စိတ္ထားေကာင္းတဲ့ သူကိုရတဲ့ မိဘေတြကေတာ့ အရမ္းကို ကံေကာင္းလြန္းပါတယ္ေနာ္။

ခုတစ္ခါမွာေတာ့ တံခြန္က “တခ်ိန္အိမ္ေထာင္ဦးစီးလုပ္ရမွာဆိုေတာ့ အခုတည္းက ဝယ္တတ္ ျခမ္းတတ္ေအာင္ လုပ္ထားမွ ?”လို႔ဆိုကာ Shoppingထြက္ေနတဲ့ ပုံရိပ္ေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ တံခြန္ရဲ႕ အားကိုးခ်င္စရာ အိမ္ေထာင္ဦးစီးပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Paing Ta Khon

(Unicode)

“တချိန်အိမ်ထောင်ဦးစီးလုပ်ရမှာဆိုတော့ အခုတည်းက ဝယ်တတ် ခြမ်းတတ်အောင် လုပ်ထားမှ ?”လို့ဆိုလာတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံထိပါ နာမည်ကျော်ကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့သူကတော့ မော်ဒယ် မင်းသားချော ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ မင်းသားချော ပိုင်တံခွန်က သူ့ကိုယ်သူ တံခွန်ကလို့ သုံးနှုန်းကာ စကားပြောလေ့ ရှိပါတယ်။ အမြဲလိုလို သူနဲ့လိုက်ဖက်တဲ့ ဆံပင်ရှည်လေးကိုထားကာ အမိုက်စားပုံရိပ်လေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။

အရပ်ရှည်ကာ သွယ်လျပြီး တောင့်တင်းတဲ့ ခန္ဒာကိုယ်၊ တက်တူးအမိုက်စားတွေကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်စေခဲ့ပါတယ်။ သိပ်မကြာသေးခင်ကလည်း သူရဲ့ မိဘတွေကို တိုက်နဲ့ကားတွေ ဝယ်ပေးကာ မိဘတွေရော ပရိတ်သတ်တွေရော မျက်ရည်ကျရလောက်တဲ့အထိ Surpriseတိုက်ခဲ့ပါသေးတယ်။ ဒီလို လိမ္မာယဉ်ကျေး စိတ်ထားကောင်းတဲ့ သူကိုရတဲ့ မိဘတွေကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်နော်။

ခုတစ်ခါမှာတော့ တံခွန်က “တချိန်အိမ်ထောင်ဦးစီးလုပ်ရမှာဆိုတော့ အခုတည်းက ဝယ်တတ် ခြမ်းတတ်အောင် လုပ်ထားမှ ?”လို့ဆိုကာ Shoppingထွက်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ တံခွန်ရဲ့ အားကိုးချင်စရာ အိမ်ထောင်ဦးစီးပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Paing Ta Khon

Leave a Reply

Your email address will not be published.