



Source; Paing Phyo Thu

(Unicode)

ချစ်ညီမလေး ဥဥနဲ့ ဓာတ်ဖမ်းကာ ပျော်ရွှင်နေတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသု

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ယခုလက်ရှိမှာ နာမည်ကျော်ကာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။ သုသုဟာ နိုင်ငံကျော် ဒါရိုက်တာ ဏကြီးနဲ့ အိမ်ထောင်ကျကာ သာယာလှပတဲ့ အိမ်ထောင်ဘဝလေးကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ရိုက်ကူးရေးတွေကို ရပ်နားထားကာ သူမရဲ့ ပရိတ်သတ်တွေကိုလည်း ပုံတွေ မတင်ပေးရတာ ကြာနေပီ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ သုသုရဲ့ အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ “မီ”ရုပ်ရှင်ဇတ်ကားကြီးကတော့ ယခုအချိန်ထိ နိုင်ငံတကာမှာ ပြသခွင့်တွေကို ရရှိနေတာ တွေ့ရပါတယ်။ သုသုဆိုတာနဲ့ “မီ”ကိုပဲ ပြေးမြင်ရတဲ့အထိကို အောင်မြင်ခဲ့တာပါနော်။

ခုတစ်ခါမှာတော့ သုသုက “ကိုယ်တွေညီအစ်မနှစ်ယောက် Tay Tayရဲ့ Cardigan လေးတွေနဲ့ဓါတ်ဖမ်းမယ်ပေါ့….🤩ငရှုပ်လေးနှစ်ကောင်ဝင်ရှုပ်တာနဲ့ ပဲတောင်မပေးလိုက်ရဘူး…😅ဝရုန်းသုံးကားရိုက်ကွင်းလေးတစ်ခုပါပဲကွယ်…”လို့ဆိုကာ ချစ်ညီမလေး ဥဥနဲ့ ဓာတ်ဖမ်းကာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ သုသုနဲ့ဥဥရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Paing Phyo Thu

Leave a Reply

Your email address will not be published.